မန္တလေးက ဆန္ဒပြသူတွေ လုံခြုံရေးတွေနဲ့ ထိပ်တိုက်မတွေ့တော့ဘဲ ပြန် ဆုတ်၊ ငြိမ်းချမ်းစွာဆန္ဒပြမှုတွေ ဆက်ရှိ


ဒီနေ့ မန္တလေးမြို့ မှာ စစ်အာဏာသိမ်းဆန့်ကျင်‌ရေး ဆန္ဒပြပွဲတွေ အရှိန်ဟုန်မြင့်တက်ခဲ့ပြီး ရဲစစ်တပ်နဲ့ ထိပ်တိုက်တွေ့မယ့်အခြေအနေရှိခဲ့ပေမယ့် အဲဒီလမ်းကြောင်းကိုရှောင်ပြီး မနက် ၁၁ခွဲမှာ ငြိမ်းချမ်းစွာ ပြန်လည်ဆုတ်ခွာခဲ့ပါတယ်။ 

ဒီနေ့မနက် ၉ နာရီမှာ ၇၃ လမ်း၊ ၂၉ လမ်းနဲ့ လမ်း30ဝန်းကျင်မှာ ရဲ၊တပ်နဲ့ ဆန္ဒပြသူတွေ အ‌ခြေနေတင်းမာနေခဲ့တာပါ။ စစ်ကား ၁၀စီး၊ ရေကား တစီး အရောင်အသွင်ပြောင်း အမြှောက်ကားတစီး အချုပ်ကားတစီးတို့နဲ့ ဆန္ဒပြပတ်ဝန်းကျင် လမ်းမကြီးမှာ နေရာယူထားခဲ့ကြပါတယ်။ 

ဆန္ဒပြ ပြည်သူဟာ၇၃ လမ်းပေါ်မှာပဲ ထိုင်သပိတ်နဲ့ ဟောပြောပွဲတွေပြုလုပ်ပြီး မနက် ၁၁ နာရီခွဲမှာ စစ်ကြောင်းအားလုံး ငြိမ်းချမ်းစွာပြန်သွားကြပါတယ်။ မြို့တွင်းလမ်းတချို့မှာတော့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပြုလုပ်ကြပါတယ်။




BBC Burmese

https://www.bbc.com/burmese/live/burma-56140135

မန္တလေးက ဆန္ဒပြသူတွေ လုံခြုံရေးတွေနဲ့ ထိပ်တိုက်မတွေ့တော့ဘဲ ပြန် ဆုတ်၊ ငြိမ်းချမ်းစွာဆန္ဒပြမှုတွေ ဆက်ရှိ  မန္တလေးက ဆန္ဒပြသူတွေ လုံခြုံရေးတွေနဲ့ ထိပ်တိုက်မတွေ့တော့ဘဲ ပြန် ဆုတ်၊ ငြိမ်းချမ်းစွာဆန္ဒပြမှုတွေ ဆက်ရှိ Reviewed by THITHTOOLWIN on 19:23 Rating: 5

No comments:

Powered by Blogger.