ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့ ပြည်နယ်လွွှတ်တော်က ထိပ်ပိုင်းခေါင်းဆောင်တွေ ဆက်လက်ထိန်းသိမ်းထား |
ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်တွေဖြစ်တဲ့ ဦးနေဝင်း၊ ဦးနော်လီ၊ ဦးဇော်ဝင်းတို့နဲ့ ကချင်ပြည်နယ် လွှတ်တော်က ဦးမြသိန်း၊ ဦးတင်စိုး၊ ကိုမျိုးကျော်၊ ဦးမင်းမင်းနဲ့ ကိုဇာနည်မင်းတို့အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ နိုင်ငံရေးသမား ၉ ဦးကို ဖေဖော်ဝါရီလ ၆ ရက်နေ့အထိ ပြန်လွှတ်မပေးသေးဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကချင်ပြည်နယ် အလုပ်အမှုဆောင်အဖွဲ့ဝင် ကိုစိုင်းကျော်သူစိုးက ဘီဘီစီကို ပြောပါတယ်။
ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်ပွားရာမှာ ကချင်ပြည်နယ် ၁၈ မြို့နယ်အတွင်းက မြို့နယ် ၁၅ မြို့နယ်က ပါတီဥက္ကဌတွေ အပါအဝင် ဖမ်းဆီးမှုတွေ ဖြစ်ခဲ့ရာမှာ အများစုကို အခုအချိန်မှာ ပြန်လွှတ်ပေးလိုက်ပေမယ့် ထိပ်ပိုင်းခေါင်းဆောင်တွေကို ရွေးပြီး ဆက်လက် ဖမ်းဆီးထားတာ ဖြစ်နိုင်တယ်လို့ ကိုစိုင်းကျော်သူစိုးက ပြောပါတယ်။
အခုလို ဆက်လက်အဖမ်းခံထားရသူတွေနဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့အထိ သတင်းအဆက်အသွယ်မရသေးပဲ ရဲစခန်းတွေကို သွားရောက် စုံစမ်းခဲ့ရာမှာလည်း စစ်တပ်က ဖမ်းဆီးသွားတာ ဖြစ်ကြောင်း ပြန်လည် ပြောဆိုခဲ့တယ်လို့လည်း ကိုစိုင်းကျော်သူစိုးက ပြောပါတယ်။
BBC Burmese
No comments:
Post a Comment