မြန်မာအရေး အာဆီယံဆွေးနွေးဖို့ အင်ဒိုနီးရှား တိုက်တွန်း

 အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး

မြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်ပြီးအာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြားဆွေးနွေးဖို့ ကူညီပေးရေး အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံရဲ့ ဘုရင် ဆူလ်တန် ဟာဆန်နယ်လ် ဘိုလ်ကီးယားကို အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး ရက်နို မာဆူဒီက ဘရူနိုင်းနိုင်ငံ မြို့တော်မှာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံ တိုက်တွန်းခဲ့ပါတယ်။

အင်ဒိုနီးရှားအနေနဲ့ ကြားဝင်မစွက်ဖက်ရေး မူဝါဒကို ကျင့်သုံးပြီး အပြုသဘောဆောင်တဲ့ ဆက်ဆံမှုနဲ့ မြန်မာပြည်သူတွေရဲ့ လုံခြုံရေးနဲ့ အကျိုးကို ဦးစားပေး ဆောင်ရွက်မယ်လို့ တွေ့ဆုံမှုအပြီး အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ မစ္စမာဆူဒီက ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားနဲ့ မလေးရှားတို့က အထူးအစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အာဆီယံရဲ့ အဖွဲ့ဝင် နိုင်ငံတွေကြား ပြည်တွင်းရေးကိစ္စတွေကို ကြားဝင်မစွက်ရေး မူဝါဒနဲ့ စစ်တပ်အာဏာလွှဲပြောင်းရယူတာကို မတူညီတဲ့ သဘောထားတုံ့ပြန်မှုတွေကြောင့် အဲဒီလို တွေ့ဆုံစည်းဝေးမှုမျိုးဟာ ရှားပါးပြီး ဒီလို အစည်းအဝေးပြုလုပ်နိုင်ဖို့ကလည်း စိန်ခေါ်မှုတွေ ရှိပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56091207

မြန်မာအရေး အာဆီယံဆွေးနွေးဖို့ အင်ဒိုနီးရှား တိုက်တွန်း  မြန်မာအရေး အာဆီယံဆွေးနွေးဖို့ အင်ဒိုနီးရှား တိုက်တွန်း Reviewed by THITHTOOLWIN on 19:28 Rating: 5

No comments:

Powered by Blogger.