စစ်ကိုင်းဆေးရုံကြီးကျန်းမာရေးဝန်ထမ်းအားလုံး အာဏာသိမ်းအစိုးရလက်အောက် အလုပ်လုပ်ကိုင်ခြင်းမပြုကြောင်း ထုတ်ပြန်



စစ်ကိုင်းဆေးရုံကြီးကကျန်းမာရေးဝန်ထမ်းအားလုံး Civil Disobedience လှုပ်ရှားမှုကို ထောက်ခံတဲ့အနေနဲ့ ဖေဖော်ဝါရီ ၆ ရက်ကစလို့ အာဏာသိမ်းအစိုးရလက်အောက်မှာ အလုပ်လုပ်ကိုင်ခြင်းမပြုတော့လို့ ထုတ်ပြန်လာခဲ့ပါတယ်။ လက်ရှိ ဆေးရုံမှာ ကျန်ရှိလူနာတွေကို ဆက်လက်ကုသပေးမှာဖြစ်ပြီးနောက်ထပ် လူနာသစ်လက်ခံတော့မှာမဟုတ်ဘဲ နီးစပ်ရာ တပ်မတော်ဆေးရုံကြီးတွေကို သွားရောက်ပြသဖို့ လေးစားစွာတောင်းပန်အပ်ကြောင်း လူနာတွေကို ပန်ကြားထားပါတယ်။ ဒီလှုပ်ရှားမှုအပေါ် တစ်စုံတစ်ရာ ဖိအားပေးခြိမ်းခြောက်သွေးခွဲလာရင်လည်း CDM လှုပ်ရှားမှုကို တစ်စိုက်မတ်မတ် လုပ်သွားမယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

BBC Burmese

https://www.bbc.com/burmese/live/burma-55882493?fbclid=IwAR16xe3oWs67fxTZ7sqRUM1jMijHt4dd_zzgud06k-jvxsmvKE1znZiaQ2U


စစ်ကိုင်းဆေးရုံကြီးကျန်းမာရေးဝန်ထမ်းအားလုံး အာဏာသိမ်းအစိုးရလက်အောက် အလုပ်လုပ်ကိုင်ခြင်းမပြုကြောင်း ထုတ်ပြန်  စစ်ကိုင်းဆေးရုံကြီးကျန်းမာရေးဝန်ထမ်းအားလုံး အာဏာသိမ်းအစိုးရလက်အောက် အလုပ်လုပ်ကိုင်ခြင်းမပြုကြောင်း ထုတ်ပြန် Reviewed by THITHTOOLWIN on 12:30 Rating: 5

No comments:

Powered by Blogger.