ဇန်နဝါရီလ ၃၁၊ ၂၀၂၁။
အရပ်သား အစိုးရ ခေါင်းဆောင်များကို မြန်မာ စစ်တပ်မှ ဖမ်းဆီးခြင်း။
မြန်မာ စစ်တပ်က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်သား အစိုးရအဖွဲ့ ခေါင်းဆောင်များနှင့် အရပ်ဘက် အဖွဲ့အစည်း ခေါင်းဆောင် အများအပြားကို ဖမ်းဆီးမှု သတင်းများကြောင့် အမေရိကန် အနေဖြင့် အကြီးအကျယ် စိုးရိမ်မကင်း ဖြစ်ရပါသည်။
မြန်မာ စစ်တပ် ခေါင်းဆောင်များက ဖမ်းဆီးထားတဲ့ အစိုးရ တာဝန်ရှိသူတွေနဲ့ အရပ်ဘက် အဖွဲ့အစည်း ခေါင်းဆောင်တွေ အားလုံးကို ပြန်လွှတ်ပေးရန်နှင့် နိုဝင်ဘာလ ၈ ရက်နေ့ ဒီမိုကရေစီ နည်းကျ ရွေးကောက်ပွဲတွေမှာ ထင်ဟပ်ဖော်ပြခဲ့တဲ့ မြန်မာ ပြည်သူ လူထုရဲ့ ဆန္ဒကို လေးစားလိုက်နာရန် ကျွန်ုပ်တို့က တောင်းဆိုပါသည်။
ဒီမိုကရေစီ၊ လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး အတွက် ဆန္ဒပြင်းပြသော မြန်မာ ပြည်သူလူထုနှင့် အတူ အမေရိကန် ပြည်ထောင်စုက ရပ်တည်ပါသည်။ စစ်တပ် အနေနှင့် ယခု ဆောင်ရွက်ချက်တွေကို ချက်ချင်းဘဲ ပယ်ဖျက်ရပါမည်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/statement-by-secretary-antony-j-blinken-on-burma/5759297.html
No comments:
Post a Comment