မြန်မာစစ်အာဏာရှင်ကို Anonymous ဟက်ကာအဖွဲ့က စစ်ကြေညာ


ကမ္ဘာမှာ နာမည်ကြီး ဟက်ကာအဖွဲ့တစ်ခုဖြစ်တဲ့ Anonymous က အာဏာသိမ်းစစ်ကောင်စီကို ဒီကနေ့ စစ်ကြေညာလိုက်ပါတယ်။ 

Twitter လူမှုကွန်ရက်မှာ Anonymous အဖွဲ့က ကြေညာချက်ထုတ်ပြန်ထားတာပါ။

သူတို့ရဲ့ နောက်လာမယ့် ပစ်မှတ်တွေထဲမှာ ဝဘ်ဆိုဒ်တော်တော်များများပါမှာဖြစ်ပြီး၊ အဓိက တပ်မတော်ရဲ့ ဝါဒဖြန့်မီဒီယာတစ်ခုဖြစ်တဲ့ “တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့” ရဲ့ ဝဘ်ဆိုဒ်ပါတယ်လို့ ပြောထားပါတယ်။

GitHub ဆိုတဲ့ ဆိုဒ်တစ်ခုကိုလည်း ဖွင့်ထားကြောင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူတွေအပေါ် အကြမ်းဖက် ဖိနှိပ်တဲ့ အထောက်အထားတွေကို အဲ့ဒီဝဘ်ဆိုဒ်မှာတင်ပြီး မြန်မာနိုင်ငံမှာ တကယ် ဖြစ်ပျက်နေတာတွေကို ကမ္ဘာကသိအောင် ချပြသွားမယ်လို့လည်း ပြောဆိုထားပါတယ်။

မကြာသေးခင်ကလည်း ဗဟိုဘဏ်နဲ့ သမ္မတဝဘ်ဆိုဒ် အပါအဝင် အစိုးရယန္တရားကိုလည်ပတ်နေတဲ့ ဝဘ်ဆိုဒ်တွေကို ဝင်မရအောင် ပိတ်ပစ်ခဲ့ပြီး နောက်ပိုင်းမှ ပြန်ဖွင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီက အင်တာနက်ဖြတ်တောက်တာလို ထိန်းချုပ်မှုတွေကို ကျော်လွှားပြီး အချင်းချင်းကြားမှာရော နိုင်ငံတကာနဲ့ပါ ဆက်သွယ်နိုင်မယ့်နည်းလမ်းတွေနဲ့ အကြံပြုခဲ့သလို၊ မြို့အသီးသီးမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့လည်း လူအများသိအောင် ဖြန့်ဝေခဲ့တယ်လို့ ပြောဆိုထားပါတယ်။


RFA Burmese

https://www.facebook.com/rfaburmese/

မြန်မာစစ်အာဏာရှင်ကို Anonymous ဟက်ကာအဖွဲ့က စစ်ကြေညာ မြန်မာစစ်အာဏာရှင်ကို Anonymous ဟက်ကာအဖွဲ့က စစ်ကြေညာ Reviewed by THITHTOOLWIN on 22:45 Rating: 5

No comments:

Powered by Blogger.