မြန်မာနိုင်ငံ COVID-19 အတည်ပြုလူနာသစ်စာရင်းမှာ ဒီနေ့ ၄၂၅ ယောက် ထပ်တိုးပါတယ်။ ဇန်နဝါရီလ ၂၂ ရက် သောကြာနေ့အတွက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီထုတ်ပြန်ချက်အရ အတည်ပြုလူနာ ၄၂၅ ယောက်၊ သေဆုံးလူနာ ၁၈ ယောက်ဖြစ်ပါတယ်။ သေဆုံးသူတွေထဲက ၁၈ ယောက်မှာ ၁၅ ယောက်က ရောဂါအခံရှိကြသူတွေဖြစ်ပါတယ်။
ဒီနေ့အတွက် စမ်းသပ်ခဲ့တဲ့ ဓာတ်ခွဲနမူနာ စုစုပေါင်းက ၁၇,၆၉၉ ခုဖြစ်ပါတယ်။
စုစုပေါင်းစာရင်းမှာတော့ အတည်ပြုလူနာ ၁၃၆,၅၉၁ ယောက်၊ သေဆုံးလူနာ ၃,၀၃၁ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူ ၁၂၀,၅၄၃ ယောက်တို့ဖြစ်ကြပါတယ်။
ဗြိတိန်နိုင်ငံ Oxford တက္ကသိုလ်နဲ့ AstraZeneca ဆေးကုမ္ပဏီတို့ စမ်းသပ်ပြီး အိန္ဒိယနိုင်ငံ Serum Institute of India ဆေးကုမ္ပဏီက ထုတ်လုပ်ထားတဲ့ Covishield ကိုဗစ်ကာကွယ်ဆေး ၁,၅၀၀,၀၀၀ မြန်မာနိုင်ငံကို ဒီနေ့ ရောက်လာပါပြီ။ ဒီကာကွယ်ဆေးတွေကို ပြည်နယ်နဲ့တိုင်း အသီးသီးကို စနေနေ့မှာ စတင် ဖြန့်ဝေပြီး ဦးစားပေးအဆင့်လိုက် ကာကွယ်ဆေးထိုးပေးသွားမှာဖြစ်တယ်လို့ ကျန်းမာရေးဌာနတာဝန်ရှိသူက VOA မြန်မာပိုင်းကို ပြောပါတယ်။ အခုလက်ဆောင်ရတဲ့ ဆေးတွေအပြင် နောက်ထပ် ဆေး ၁,၅၀၀,၀၀၀ ကိုလည်း အိန္ဒိယနိုင်ငံကနေ ဝယ်ယူထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-covid-cases/5747894.html
No comments:
Post a Comment