ရုရှားက လေကြောင်းကာကွယ်ရေးစနစ်နဲ့ ဒရုန်းယာဉ်တွေ မြန်မာ့တပ်မတော်ဝယ်မည်

ရုရှားလုပ် Pantsir-S1 လေကြောင်းရန် ကာကွယ်ရေး စနစ်

မြန်မာနိုင်ငံက ရုရှားနိုင်ငံကနေ လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည် စနစ်နဲ့ မောင်းသူမဲ့ လေယာဉ် droneတွေ ဝယ်ယူမှာ ဖြစ် ပါတယ်။

ရုရှားနိုင်ငံဆီက လက်နက်ဝယ်ယူမယ့် သဘောတူညီချက်ကို ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Shoigu မြန်မာနိုင်ငံကို ရောက်နေချိန် ဒီတစ်ပတ်ထဲမှာ လက်မှတ်ရေးထိုးခဲ့ကြတာပါ။

အဲဒီ သဘောတူညီချက်အရ မြန်မာနိုင်ငံက ရုရှားလုပ် Pantsir-S1 လေကြောင်းရန် ကာကွယ်ရေး စနစ်နဲ့ Orlan-10E မောင်းသူမဲ့ လေယာဉ်ငယ် drone တွေ ဝယ်ယူမှာ ဖြစ်ပါတယ်။

၂၀၀၁ ခုနှစ်ကတည်းက စလို့ မြန်မာနဲ့ ရုရှားနိုင်ငံတို့အကြား သဘောတူညီချက်တွေ ရရှိထားပြီး ထိရောက်ပြီး နှစ်ဖက်အကျိုးများတဲ့ စစ်လက်နက် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ဆောင်နေပြီး တိုးတက်မှုတွေ ရရှိနေတယ်လို့ ရုရှား နိုင်ငံပိုင် TASSသတင်းဌာနက ပြောပါတယ်။

အဲဒီ အချိန်ကတည်းက ရုရှားတို့ အနေနဲ့ MiG တိုက်လေယာဉ် အစင်း ၃၀၊ Yakolev-130တိုက်ပွဲ လေ့ကျင့်ရေးလေယာဉ် ၁၂ စင်း၊ Mi 24နဲ့Mi-35Pရဟတ်ယာဉ် ၁၀ စင်း၊ Pechora -2Mလေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်စနစ် ၈ ခု၊ ရေဒါတွေ၊ သံချပ်ကာ ယာဉ်တွေ နဲ့ အမြှောက်တွေကို ရောင်းချခဲ့ကြောင်းလည်း ရုရှား သတင်းဌာနတွေက ပြောပါတယ်။

Sukhoi-30SME လေယာဉ်တွေ ရောင်းချရေး သဘောတူစာချုပ်ကို လက်ရှိ ချုပ်ဆိုထားပြီး တစ်ချို့ကို ပေးပို့ထားပြီးဖြစ်ကြောင်း လည်း TASS သတင်းမှာ ပါရှိပါတယ်။

မြန်မာနိုင်ငံက ဝယ်ယူထားတဲ့ လက်နက် ပစ္စည်း ကိရိယာတွေအတွက် ပြုပြုင်ထိန်းသိမ်းရေးနဲ့ အဆင့်မြှင့်တင်ရေးလုပ်ငန်းတွေ ကိုတော့ မြန်မာနိုင်ငံထဲမှာ နှစ်နိုင်ငံသဘောတူ ဖွဲ့စည်းထားတဲ့ ပူးတွဲ နည်းပညာဝန်ဆောင်မှု စင်တာမှာ လုပ်ဆောင်နေတာပါ။

ရုရှားလုပ် တခြား ခေတ်မီ စစ်လက်နက် ပစ္စည်းတွေ ထပ်မံ ဝယ်ယူဖို့ မြန်မာနိုင်ငံဘက်က စိတ်ဝင်းစားမှု ပြသနေတယ်လို့လည်း ရုရှား သတင်းဌာနတွေက ပြောပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/russia-to-supply-air-defense-system-to-myanmar-/5748770.html

ရုရှားက လေကြောင်းကာကွယ်ရေးစနစ်နဲ့ ဒရုန်းယာဉ်တွေ မြန်မာ့တပ်မတော်ဝယ်မည် ရုရှားက လေကြောင်းကာကွယ်ရေးစနစ်နဲ့ ဒရုန်းယာဉ်တွေ မြန်မာ့တပ်မတော်ဝယ်မည် Reviewed by THITHTOOLWIN on 00:46 Rating: 5

No comments:

Powered by Blogger.