ယူကေမှာ တွေ့လာရတဲ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ်ကို သုတေသနလုပ်ခဲ့တဲ့ ကနဦး တွေ့ရှိချက်တွေအရ ဒီမျိုးကွဲသစ်ဟာ ကူးစက်ပျံ့နှံ့နှုန်းပိုများသလို လူသေဆုံးနှုန်းလည်း ပိုများနိုင်ခြေရှိတယ်လို့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။
ဒါပေမယ့် ကိန်းဂဏန်းတွေနဲ့ လုံးဝ အခိုင်အမာ မပြောနိုင်သေးဘဲ ကာကွယ်ဆေးတွေကလည်း ဆက်ပြီး အလုပ်ဖြစ်နေဖွယ် ရှိပါတယ်။
အဲဒီ ဗိုင်းရပ်စ်မျိုးကွဲသစ်ဟာ ယူကေတစ်ဝန်းမှာ ပျံ့နှံနေပါပြီ။
သုတေသနလုပ်ခဲ့တဲ့တဲ့ အချက်အလက်တွေအရ သေဆုံးနိုင်ခြေပိုများတယ်ဆိုတာကို "အမှန်တကယ် ဖြစ်နိုင်ခြေရှိတယ်"လို့ တွေ့ခဲ့ပေမယ့် ဒါကို လုံးဝအတိအကျ ပြောနိုင်ဖို့တော့ အများကြီးလေ့လာရဦးမယ်လို့ သိရပါတယ်။
ဖိအားတွေများနေတဲ့ အထူးကြပ်မတ်ကုသဌာနက အခြေအနေ
အစိုးရအဖွဲ့ အကြံပေး သိပ္ပံပညာရှင်အဖွဲ့ ခေါင်းဆောင်က အခုချိန်ထိ ရရှိထားတဲ့ အချက်တွေအရ "အခိုင်အမာ ပြောနိုင်ဖို့ လိုသေးတယ်" လို့ဆိုပါတယ်။
အရင် လေ့လာမှုတွေအရ ပိုးသစ်ဟာ တခြားပိုးတွေထက် ၃၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်း ပိုကူးစက်ပျံ့နှံ့နိုင်ပြီး သေဆုံးနှုန်း ၃၀ ရာခိုင်နှုန်း ပိုများနိုင်ခြေရှိတယ်ဆိုတဲ့ အချက်အလက်တချို့ တွေ့ရပါတယ်။
အဲဒါက ဥပမာအားဖြင့် အရင် ကိုရိုနာဗိုင်းရပ်စ်က အသက် ၆၀ အရွယ် လူ ၁၀၀၀ မှာ ၁၀ ဦးသေဆုံးနိုင်တယ်ဆိုရင် ဒီမျိုးကွဲသစ်က ၁၃ ဦး သေဆုံးနိုင်ခြေ ရှိတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။
ကိုဗစ်ပိုးတွေ့သူတိုင်းကို ထည့်တွက်မယ်ဆိုရင် ဒီကွဲပြားချက်ကို တွေ့ရပြီး ဆေးရုံရောက်လာသူတွေ သက်သက်မှာတော့ သေဆုံးနှုန်း ပိုများလာတာကို မတွေ့ရပါဘူး။ ဒါက ဆရာဝန်တွေက ဒီရောဂါကို ကုသရမှာ ပိုကျွမ်းကျင်လာကြတဲ့အတွက် ကိုဗစ်ကပ်အတွင်း ဆေးရုံတွေမှာ ကုသပေးနိုင်မှုတွေ တိုးတက်လာလို့လည်း ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် စတင်ခဲ့တဲ့ ဝူဟန်မြို့အခြေအနေ
ဒီပိုးမျိုးသစ်ကို ယူကေမှာ စက်တင်ဘာလမှာ စတွေ့ခဲ့ရတာပါ။ အခု အဲဒီ ဗိုင်းရပ်စ်မျိုးသစ်ဟာ အင်္ဂလန်နဲ့ မြောက်အိုင်ယာလန်တို့မှာ အများဆုံးတွေ့ရတဲ့ ပိုးဖြစ်လာပြီး နိုင်ငံပေါင်း ၅၀ ကျော်ကိုလည်း ပျံ့နှံ့သွားပါပြီ။
ယူကေ အစိုးရ အကြံပေး သိပ္ပံပညာရှင် အဖွဲ့ ခေါင်းဆောင်ကတော့ တောင်အာဖရိကနဲ့ ဘရာဇီးနိုင်ငံတို့မှာ ထွက်ပေါ်လာတဲ့ မျိုးကွဲသစ် နှစ်ခုအတွက် ပိုပြီး စိုးရိမ်မှုတွေ ရှိတယ်လို့လည်း ပြောပါတယ်။
BBC Burmese
No comments:
Post a Comment