ပုသိမ် ဇန်နဝါရ ၆
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ငဝန်မြစ်ကြောင်းအတွင်း၌ ယနေ့ နံနက်ပိုင်းက ခရီးသည်တင်သင်္ဘောနှင့် ပဲ့ထောင်တိုက်မှုကြောင့် ပဲ့ထောင်နစ်မြုပ်ခဲ့ကြောင်းသိရှိရသည်။
ဖြစ်စဥ်မှာ အသက် ၂၇ နှစ်အရွယ် ကျော်မျိုးသူမောင်းနှင်လာသည့် လူ ၈ဦး စီးနင်းလိုက်ပါလာသည့် ပဲ့ထောင်နှင့် ကျောက်ငူဆိပ်ဘက်မှ မောင်းနှင်လာစဥ် ငဝန်မြစ်ရဲ့ ၃ ပုံ ၁ ပုံအရောက်၌ အသက် ၆၇ နှစ်အရွယ် ဦးစိုးလွင် မောင်းနှင်လာတဲ့ အောင်စည်မြတ် ခရီးသည်တင်သင်္ဘောနှင့် ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ နစ်မြုပ်မှုကြောင့် ပဲ့ထောင်ပါ လူ ၈ဦးအနက်မှ တစ်ဦးမှာ ပျောက်ဆုံးလျှက်ရှိကြောင်း ၎င်းအားရှာဖွေမှုများ ဆက်လက်ပြုလုပ်နေကြောင်းလဲသိရသည်။
ဖြစ်စဥ်ကြောင့် ပဲ့ထောင်နဲ့ သင်္ဘောမောင်းနှင်သူ ၂ ဦးကို သင်္ဘောကျဉ်းနယ်မြေရဲစခန်း၌ ရေယာဉ်မဆင်မခြင်မောင်းနှင်မှုနဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ရန် စီစဥ်လျှက်ရှိကြောင်း နှင့် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးရုံးမှလည်း ရေယာဉ်တိုက်ခိုက်နစ်မြုပ်မှုဖြစ်စဥ်အား ကနဦးစုံစမ်းစစ်ဆေးပြီး ရေကြောင်းဘက်ဆိုင်ရာဥပဒေများဖြင့် အရေးယူဆောင်ရွက်သွားနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရသည်။
သတင်း/ဓာတ်ပုံမောင်မောင်မြင့်(ပြန်/ ဆက် )
Myanmaalinn
![ပုသိမ်မြို့ ငဝန်မြစ်အတွင်း၌ သင်္ဘောနှင့် ပဲ့ထောင်တိုက်မိ၍ ပဲ့ထောင်နစ်မြုပ် လူတစ်ဦးပျောက်ဆုံးနေ](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlBnr-6FSdIBAU0NQo7pbGZICtvrIuRhfut7IRS04MNsoGVvKpftc6WLTc3bo4CFubFMO8dCEkVuM5XAYhLCSn-Byb6K5YprvXL3G7GfaBG6AF1NYd95nVch_EV-72twmtEsVIX1aH990/s72-w583-c-h271/1.jpg)
No comments:
Post a Comment