မြဝတီမြို့ မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားပေါ်မှ ယာဉ်မောင်းအမျိုးသားတစ်ဦး ခုန်ချသေဆုံးမှုဖြစ်ပွား

မြဝတီ    ဇန်နဝါရီ    ၂၃

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ရှိ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားအပေါ်မှ အမျိုးသားတစ်ဦး  ခုန်ချ၍ မိမိကိုယ်ကို အဆုံးစီရင်မှုပြုလုပ်ခဲ့ရာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးမှု ယနေ့ မွန်းလွဲ ၂ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

  အဆိုပါ တံတားပေါ်မှ ခုန်ချ၍ သေဆုံးသွားသောသူမှာ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ထိုင်းနိုင်ငံမှ မုန့်မျိုးစုံတင်လာသည့် ယာဉ်ကို မောင်းနှင်လာခဲ့ပြီး တံတားအလယ်အရောက်တွင် ယာဉ်အားရပ်ကာ ခုန်ချ လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားကြောင်း သတင်းအရ မြဝတီမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဌေး၊ မြို့မရဲစခန်းမှူး ဒုရဲမှူး အောင်ကျော်ဦး အမှတ်(၂)ချစ်ကြည်ရေးတံတား တာဝန်ကျ ဒုရဲမှူး စောမြတို့ နှင့် တာဝန်ရှိသူများသွားရောက်၍ အလောင်းအား ပြန်လည် ဆယ်ယူသယ်ဆောင်နိုင်ရေး ထိုင်းဘက်ခြမ်းတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့သည်။

ထို့နောက် အလောင်းအား မြဝတီမြို့ Z-RESCUE လူမှုကူညီရေးအသင်းအဖွဲ့ဝင်များမှ ဆယ်တင်ခဲ့ပြီး  ထိုင်းတာဝန် ရှိသူများမှ မြန်မာနိုင်ငံ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး Z-RESCUE ယာဉ်ဖြင့် တင်ဆောင်၍ မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးသို့ သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။

သေဆုံးမှုနှင့် ပတ်သက်၍ သေဆုံးသူ၏ ဇနီးဖြစ်သူအား မေးမြန်းခဲ့ရာ ၎င်းသည် ကုန်ပစ္စည်းများတင်ဆောင်ရာတွင် အမှားအယွင်းများရှိခဲ့၍ ငွေကြေးအခက်အခဲကြောင့် စိတ်ညစ်နေကြောင်း ပြောပြသိရှိရပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ဓမ္မတာ အတိုင်း သေဆုံး ခြင်း ဟုတ်မဟုတ် ဆက်လက်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြဝတီမြို့မရဲစခန်းမှ သိရသည်။


ထိန်လင်းအောင် (ပြန်/ဆက်)

Myanmaalinn

https://www.facebook.com/MYANMAALINNNEWS

မြဝတီမြို့ မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားပေါ်မှ ယာဉ်မောင်းအမျိုးသားတစ်ဦး ခုန်ချသေဆုံးမှုဖြစ်ပွား မြဝတီမြို့ မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားပေါ်မှ ယာဉ်မောင်းအမျိုးသားတစ်ဦး ခုန်ချသေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 23:30 Rating: 5

No comments:

Powered by Blogger.