ကျော်ဇံရွာမှ ပျောက်ဆုံးနေသူ ဦးအောင်နိုင်ကိုရှာဖွေမတွေ့သေး၊ စီကရက်ဗူးခွံများကို သက်သေအဖြစ် သိမ်းဆည်းရမိဟု ဇနီးဖြစ်သူဆို
နိရဉ်စရာ၊ ဇနျနဝါရီ၆/၂၀၂၁
ရခိုင်ပြည်နယ်် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျော်ဇံရွာမှ ပျောက်ဆုံးနေသူ ဦးအောင်နိုင်အား ယနေ့ ညနေ ၄ နာရီထိ ရှာဖွေမတွေ့သေးကြောင်း ဦးအောင်နိုင်ဇနီးဖြစ်သူ ဒေါ်မသန်းက ပြောသည်။
အသတ်ခံခဲ့ရသူ ဦးထွန်းသိန်း (၅၂) နှစ်မှာ ဒေါ်မသန်း၏ ဖခင်ဖြစ်ကြောင်း သိရသည်။
“ အဖေကိ်ုသဂြိုလ်င်္လိုက်ပါပြီ။ ဒီနေ့ နေ့လယ်က ရွာမှာဘဲ သဂြိုင်္လ်လိုက်ပါတယ်” ဟု သူမကဆိုသည်။
လူသတ်မှုကျူးလွန်သူများမှ ကျကျန်ခဲ့သည့် စီကရက်ဗူးခွံများကို အနီးအနားဝန်းကျင်မှ ရှာဖွေတွေ့ရှိထားကြောင်း၊ ၎င်းစီကရက်ဗူးခွံကို ယခင်က မမြင်ဖူးကြောင်း ရွာသားများက ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ ကျော်ဇံကျေးရွာမှ လယ်သမားတစ်ဦးဖြစ်သူ အလောင်းကို ကြိုးချည်လျက် သတ်ဖြတ်ထားသည်ကို ယနေ့ ဇန်နဝါရီလ ၆ ရက်နေ့ နံနက် ၈ နာရီခန့်က ၄င်း၏ လယ်ကွင်းအနီးတွင် တွေ့ရပြီးသမက်ဖြစ်သူ ဦးကျော်နိုင် (၃၂) နှစ်မှာ ပျောက်ဆုံးကာ နွား၁၀ ကောင်လည်း ပျောက်ဆုံးနေကြောင်း၊ ပျောက်ဆုံးနေသူနှင့်ပတ်သက်၍ ရှာဖွေစုံစမ်းနေကြကြောင်း ကျော်ဇံကျေးရွာအုပ်ချုပ်ရေးမှူးဦးခင်ထွန်းက ပြောသည်။
“ နွားခိုးလာတဲ့လူတွေ သတ်သွားတယ်။ ဦးထွန်းသိန်းကိုကြိုးချည်ပြီး မျက်နှာမှာ ခြင်ထောင်တွေနဲ့ အုပ်လို့ ဒီတိုင်းတွေ့တာ။ ဓားဒဏ်ရာတော့မတွေ့ဘူး။ တုတ်တွေနဲ့ရိုက်ထားတာ။ အောင်နိုင်ကိုလည်း မတွေ့သေးဘူး။ ပေါက်တော်မြို့နယ် ငပြီကျွန်းဖက်မှာ အလောင်း တစ်လောင်းတွေ့တယ်လို့ ပြောပေမယ့် တိတိကျကျ သတင်းမရ ဖြစ်နေတယ်။ အတိကျတော့ အဲဒီက အကြောင်းပြန်မလာဘူး။ နွားတွေလည်းပျောက်နေတယ်” ဟုပြောသည်။
ပေါက်တောမြို့နယ် ငပြီကျွန်းရွာ အုပ်ချုပ်ရေးမှူးက ပျောက်ဆုံးနေသူ အလောင်းကို ရှာဖွေတွေ့ရှိခြင်းမှာ မဟုတ်မှန်ကြောင်း၊ လိုက်လံရှာဖွေနေတုန်းဖြစ်ကြောင်း ယနေ့ညနေ ၄ နာရီခွဲက ဆက်သွယ်စဉ် ပြောကြားသည်။
Narinjara
![ကျော်ဇံရွာမှ ပျောက်ဆုံးနေသူ ဦးအောင်နိုင်ကိုရှာဖွေမတွေ့သေး၊ စီကရက်ဗူးခွံများကို သက်သေအဖြစ် သိမ်းဆည်းရမိဟု ဇနီးဖြစ်သူဆို](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjttSa1oWkp3EIEhoYRdkwTrPC2uszz5cA8L30gY65dEFB1dkEDIDxoO27NFWS3iWhAwoSJ11NqN3iXwPQT1xQM9Rze-DCLraOURhraLV1h77uI_x3X3gLf4Kzj4tEH0tvleLfTl3BcMzQ/s72-w569-c-h375/3.jpg)
No comments:
Post a Comment