ဗြိတိန်နိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးတွေ အလုံးအရင်းနဲ့ ထိုးမပေးနိုင်ခင် ပိုးကူးစက်မှုထိန်းချုပ်နိုင်ရေးအတွက် တနိုင်ငံလုံး အိမ်ထဲကနေ အိမ်ပြင်မထွက်ကြဖို့ တတိယကြိမ် ကပ်ဘေးကန့်သတ်ချက်တွေ အင်္ဂါနေ့မှာ စတင်လိုက်ပါတယ်။ မနေ့တနင်္လာနေ့နှောင်းပိုင်းက ဝန်ကြီးချုပ်ဂျွန်ဆင်က ရုပ်သံကတဆင့် တိုင်းပြည်ကို ကန့်သတ်ချက်သစ်ထုတ်ပြန်ပြီး ကပ်ဘေးစည်းကမ်းတွေလိုက်နာဖို့ ပန်ကြားခဲ့ပါတယ်။
"ကာကွယ်ဆေးထိုးအစီအစဉ်တွေ ဆက်ပြီးအောင်မြင်မှုရနေမယ်။ ကာကွယ်ဆေးအာနိသင်ကြောင့် လူသေဆုံးမှုကျဆင်းလာမယ်။ လူတိုင်းကလည်း စည်းကမ်းလိုက်နာမှုရှိကြမယ်ဆိုရင် ကန့်သတ်ချက်တွေတဖြည်းဖြည်း ဖြေလျော့ပေးနိုင်မယ်လို့ မေ ျှာ်လင့်ရပါတယ်။ ဖေဖော်ဝါရီလလောက်မှာ စာသင်ကျောင်းတွေပြန်ဖွင့်ပြီး ကန့်သတ်မှုအဆင့်တွေ လျော့ချသွားနိုင်မှာပါ။" လို့ ဝန်ကြီးချုပ် ဂျွန်ဆင်ကပြောခဲတာပါ။
ဒီ အမိန့်အရ ဗြိတိန်ပြည်သူတွေ အိမ်ပြင်ထွက်ခွင့်ကန့်သတ်ထားပါတယ်။ ကျောင်းတွေပိတ်ပြီး လုပ်ငန်းတွေကိုလည်း တတ်နိုင်သမျှအိမ်မှာပဲလုပ်ကြဖို့ အမိန့်ထုတ်ထားပါတယ်။
ဒီကန့်သတ်တားမြစ်ချက်တွေ တဖြည်းဖြည်းဖြေလေ ျှာ့ပေးနိုင်ခြေရှိတဲ့အချိန်ထိ စီးပွါးရေးလုပ်ငန်းတွေ ဆက်ပြီးလည်ပတ်နိုင်အောင် ဒေါ်လာ ၆.၂ ဘီလီယံသုံးစွဲမယ့်အစိုးရရဲ့ အကူအညီ အစီအစဉ်သစ်တရပ်ကိုလည်း ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး Rishi Sunak ကကြေငြာခဲ့ပါတယ်။ ကန့်သတ်ချက်တွေကို အစောဆုံး ဖေဖော်ဝါရီလလယ်လောက်ဒါမှမဟုတ် အဲဒီနောက်ပိုင်းကျမှ ဖြေလျော့ပေးနိုင်မယ့်ပုံလည်း ရှိပါတယ်။ ကပ်ရောဂါ စဖြစ်ကတည်းကဆိုရင် ဗြိတိန်မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၇၅,၀၀၀ ကျော်ရှိပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/britain-covid-restriction/5725147.html
![ဗြိတိန်မှာ အိမ်ပြင်မထွက်ရကန့်သတ်ချက် ပြန်စတင်](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm3Rc5CTv0IiyFlCHCSOizSdrepFNe6tE4V-kw8iyEB8Kv7C9ayilFc2b1JpnGTtrCVY7IsS6TJqo-9STcOEIV_Kwt1mxMfamVYy13RpcmKSiXp9xsSvuxK8YoNG9Wyi1pQJaVVDuPkbQ/s72-w565-c-h318/10.jpg)
No comments:
Post a Comment