AstraZeneca ကိုဗစ်ကာကွယ်ဆေး ၃၅ သန်း ထိုင်းနိုင်ငံထပ်မံမှာယူ

AstraZeneca ကိုဗစ်ကာကွယ်ဆေးပုလင်းများ။

ထိုင်းဝန်ကြီးချုပ်က AstraZeneca ကုမ္ပဏီထုတ် COVID-19 ရောဂါကာကွယ်ဆေး အလုံးရေ ၃၅ သန်းထပ်ပြီး မှာယူထားတယ်လို့ အင်္ဂါနေ့မှာပြောပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံမှာယူထားတဲ့ ကာကွယ်ဆေးအလုံးရေ ၆၃ သန်းထိ ရှိသွားပါပြီ။ ကိုဗစ်ရောဂါကူးစက်ပြန့်နှံ့မှုတွေကိုလနဲ့ချီ ထိန်းချုပ်ခဲ့ပြီးတဲ့နောက် ဒီဇင်ဘာလထဲမှာတော့ ရွှေ့ပြောင်းအလုပ်သမားတွေအပြင် လောင်းကစားရုံတွေနဲ့ ဆက်စပ်ပြီး ထိုင်းနိုင်ငံဒေသတဝက်ကျော်မှာ ပိုးကူးစက်မှုပြန်တွေ့နေရပါတယ်။ ဒါကြောင့်လည်း ကပ်ရောဂါကန့်သတ်မှုအသစ်တွေလည်း ပြန်ပြီးချမှတ်ထားပါတယ်။

ထိုင်းနိုင်ငံမှာ ပိုးကူးခံရသူ ၉,၀၀၀ နီးပါးနဲ့ သေဆုံးသူ ၆၅ ဦးရှိပြီး နိုင်ငံလူဦးရေသန်း ၇၀ ရဲ့ တဝက်လောက်ကို ကာကွယ်ဆေးထိုးပေးဖို့ ရည်မှန်းထားပါတယ်။ Oxford တက္ကသိုလ်နဲ့ AstraZeneca ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးအလုံးရေး ၂၆ သန်းကို ပြီးခဲ့တဲ့နိုဝင်ဘာလမှာ ထိုင်းက ကြိုတင်မှာယူခဲ့ပါတယ်။ ထိုင်းနိုင်ငံတွင်း အသုံးပြုမယ့် AstraZeneca ရဲ့ ကာကွယ်ဆေးတွေကိုတော့ ထိုင်းကုမ္ပဏီ Siam Bioscience ကထုတ်လုပ်ပေးမှာပါ။

ဒုတိယလေးလပတ်မတိုင်ခင် ကာကွယ်ဆေးတွေကို ဖြန့်ဖြူးပေးနိုင်မယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီး Kiattaphum Wongrachit ကကြေငြာချက်ထုတ်ပြန်ပါတယ်။ တရုတ်နိုင်ငံထုတ် Sinovac Biotech ကုမ္ပဏီထုတ် ကိုဗစ်ကာကွယ်ဆေးအလုံးရေ ၂,၀၀၀,၀၀၀ ကိုလည်း ထိုင်းက မှာယူထားသလို လာမယ့်လမှာ အလုံးရေ ၂၀၀,၀၀၀ ရောက်လာမယ်လို့ ခန့်မှန်းထားပါတယ်။

Sinovac ကာကွယ်ဆေးတွေကိုတော့ ဆမွတ်ဆခွန်နဲ့ ရနောင်းဒေသက ခြံအလုပ်သမားတွေအပြင် ပိုးကူးစက်နိုင်ခြေများတဲ့ လူအုပ်စုတွေကို အရင်ထိုးပေးမယ်လို့ အစိုးရပြောခွင့်ရသူ Anucha Burapachaisri ကပြောပါတယ်။ အဲဒီဒေသတွေကနေ လတ်တလော ပိုးကူးစက်မှု အဓိက ပြန်တွေ့လာနေရတယ်လို့လည်း ဆိုပါတယ်။ ဆေးလုံးရေ ၂,၀၀၀,၀၀၀ အတွက် ဒေါ်လာ ၄၀.၇ သန်းသုံးစွဲဖို့ လျာထားပြီး ဧပြီလလောက်မှာ ဆေးလုံး ၁.၈ သန်းရနိုင်မယ်လို့လည်းပြောပါတယ်။

ထိုင်းနိုင်ငံမှာ စမ်းသပ်ထုတ်လုပ်နေတဲ့ ကိုဗစ်ကာကွယ်ဆေးတွေကိုတော့ လူတွေနဲ့ မေလမှာ ပထမဆင့်စမ်းသပ်ဖို့ရှိပြီး စက်တင်ဘာလလောက်မှာတော့ ဒုတိယအဆင့်စမ်းသပ်နိုင်မယ်လို့ မေ ျှာ်မှန်းထားကြောင်း ချူလာလောင်ကွန်းတက္ကသိုလ်၊ ကာကွယ်ဆေးထုတ်လုပ်ရေးအစီအစဉ် ညွှန်ကြားရေးမှူး Kiat Ruxrungtham ကပြောပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/thai-covid-vaccine-astrazeneca/5725046.html

AstraZeneca ကိုဗစ်ကာကွယ်ဆေး ၃၅ သန်း ထိုင်းနိုင်ငံထပ်မံမှာယူ AstraZeneca ကိုဗစ်ကာကွယ်ဆေး ၃၅ သန်း ထိုင်းနိုင်ငံထပ်မံမှာယူ Reviewed by THITHTOOLWIN on 23:07 Rating: 5

No comments:

Powered by Blogger.