မြန်မာကို UNHCR က ကိုဗစ် စမ်းသပ်ကိရိယာ ငါးသောင်းလှူ

UNHCR က ကိုဗစ္ကုသေရးအတြက္ကူညီ

မြန်မာနိုင်ငံရဲ့COVID 19ကပ်ရောဂါ တုန့်ပြန်တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့အတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က COVID19 စမ်းသပ်ကိရိယာ PCR ၅၀,၀၀၀ ကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကို လှူဒါန်းပါတယ်။

မြန်မာပြည်သူ သန်းပေါင်းများစွာရဲ့ ဘဝတွေအပေါ် COVID 19ကပ်ရောဂါရဲ့ သက်ရောက်မှုတွေ ဆက်လက်ရှိနေတာကြောင့် အခုလိုလှူဒါန်းရတာ ဖြစ်ကြောင်းနဲ့ ဇူလိုင်လအတွင်းကလည်း UNHCR အနေနဲ့ ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ (WFP) နဲ့ ပူးပေါင်းပြီးစမ်းသပ်ကိရိယာ ၂၀, ၀၀၀ ပေးအပ်ခဲ့ကြောင်း UNHCR ရဲ့ သတင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။

ကုလသမဂ္ဂအဖွဲအစည်းတစ်ရပ်လုံး အနေနဲ့ဆိုရင်တော့ မြန်မာနိုင်ငံကိုအခုအချိန်အထိ စမ်းသပ်ကိရိယာ ၁၄၅,၀၀၀ လှူဒါန်းပေးအပ် ခဲ့ပြီးပြီလို့လည်း ဆိုပါတယ်။

ဒါ့အပြင် UNHCR အနေနဲ့ COVID 19 တုန့်ပြန်တိုက်ဖျက်ရေး မြန်မာနိုင်ငံရဲ့ အားထုတ်ကြိုးပမ်းမှုတွေကို ဆက်လက် ထောက်ခံအား ပေးသွားမှာ ဖြစ်သလို ဒီ အားထုတ်မှုထဲ အကာအကွယ်မဲ့ အားနည်းတဲ့ လူမှုအသိုင်းအဝိုင်းတွေ ချန်ရစ်ထား မခံရစေရေး အတွက် ကြိုးပမ်းနေတယ်လို့လည်း ပြောပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ ၁,၁၈၂ ယောက် ထပ်တိုးတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

သေဆုံးသူကလည်း ၃၁ ယောက် ထပ်တိုးခဲ့ပါတယ်။ရက်အတန်ကြာ အတွင်း ပထမဆုံးအကြိမ် သေဆုံးသူအရေအတွက်အယောက် ၃ဝ ကျော်တာ ဖြစ်ပါတယ်။ မနေ့ကအထိ COVID 19 ကြောင့် သေဆုံးသူ စုစုပေါင်း ၂,၃၇၇ ဦး ရှိပြီး ရောဂါပိုး ကူးစက်သူ ပေါင်းက ၁၁၃,၀၈၂ ဦး ရှိပြီ ဖြစ်ပါတယ်။


ဗွီအိုအေ (မြန်မာဌာန)

https://burmese.voanews.com/a/unhcr-provide-pcr-to-myanmar/5703668.html

မြန်မာကို UNHCR က ကိုဗစ် စမ်းသပ်ကိရိယာ ငါးသောင်းလှူ မြန်မာကို UNHCR က ကိုဗစ် စမ်းသပ်ကိရိယာ ငါးသောင်းလှူ Reviewed by THITHTOOLWIN on 08:48 Rating: 5

No comments:

Powered by Blogger.