TNLA ရဲ့ လုပ်ရပ်ကို မိုးကုတ် အရပ်ဘက်အဖွဲ့တွေ ကန့်ကွက်

TNLA ရဲ့ လုပ်ရပ်ကို မိုးကုတ် အရပ်ဘက်အဖွဲ့တွေ ကန့်ကွက် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကင်းလှည့်နေတဲ့ TNLA စစ်သားတွေကို ၂၀၁၈ ဇန်နဝါရီလက တွေ့ရစဉ် / Photo: Kan Thar/RFA

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အတွင်းမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က လုပ်ငန်းရှင်တချို့ကို ဖမ်းဆီး ရိုက်နှက်၊ ငွေတောင်းခံနေတာနဲ့ ပတ်သက်ပြီး လူ့အခွင့်ရေးနဲ့ တရားမျှတမှု စွမ်းဆောင်ရှင်များအဖွဲ့က နိုင်ငံတော်အတိုင်ပင်ခံ၊ သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ထံ ဒီနေ့ ဒီဇင်ဘာ ၉ ရက်နေ့မှာ စာပေးပို့ တိုင်ကြားသွားမယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်၊ အာရှလူ့အခွင့်အရေးကော်မရှင်တို့ကိုလည်း အီးမေးလ် ပေးပို့ တိုင်ကြားသွားမယ်လို့ အဲဒီအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးဂျင်မီက ပြောပါတယ်။

သူတို့အဖွဲ့ အပါအဝင် မိုးကုတ်မြို့က အရပ်ဖက်အဖွဲ့ အစည်း ခြောက်ဖွဲ့က အရပ်သားတွေ ဖမ်းဆီးခေါ်ဆောင်ခံရ၊ ငွေတောင်းခံရတဲ့ ကိစ္စတွေကို ကန့်ကွက်ကြောင်း ဒီဇင်ဘာလ ၇ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ ၄ ရက်နေ့မှာ TNLA တပ်ဖွဲ့က အောင်ချမ်းသာဈေးအနီးမှာ စံပြမုန့်တိုက် ပိုင်ရှင် အမျိုးသားတစ်ဦးကို ဖမ်းဆီးသွားခဲ့ပြီး အောက်တိုဘာလ ၁၇ ရက်နေ့ကလည်း ရှောလီ ဝိုင်းရပ်က အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရိုက်နှက်ပြီး ငွေတောင်းခံခဲ့ပါတယ်။

ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး TNLA ပြောခွင့်ရ ဗိုလ်မှူးမိုင်းအိုက်ကျော် ထံ RFA က မေးမြန်းရာမှာ သူတို့အထက်အရာရှိတွေက ဘာမှ ချပြပြောဆိုလာတာ မရှိသေးတဲ့အတွက် တုံ့ပြန်ချက်ပေးဖို့ မရှိသေးကြောင်းနဲ့ သူတို့ ဖမ်းဆီးထားတဲ့ မုန့်တိုက်ပိုင်ရှင် ကျန်းမာရေးကောင်းမွန်ကြောင်း ပြောပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/mogok-people-objects-tnla-abduction-12092020013631.html

TNLA ရဲ့ လုပ်ရပ်ကို မိုးကုတ် အရပ်ဘက်အဖွဲ့တွေ ကန့်ကွက်  TNLA ရဲ့ လုပ်ရပ်ကို မိုးကုတ် အရပ်ဘက်အဖွဲ့တွေ ကန့်ကွက် Reviewed by THITHTOOLWIN on 22:19 Rating: 5

No comments:

Powered by Blogger.