တိုင်းရင်းသားပါတီများညှိနှိုင်းမည့်အခြေအနေ - NLD အတွင်းရေးမှူး (၃) ဒေါက်တာအောင်မိုးညိုနဲ့ မေးမြန်းချက်

မကွေးတိုင်းဝန်ကြီးချုပ်၊ NLD ပါတီ အတွင်းရေးမှူး ၃ ဒေါက်တာ အောင်မိုးညို။ (ဓာတ်ပုံ - Dr. Aung Moe Nyo's Official Facebook)

ရွေးကောက်ပွဲအနိုင်ရ လက်ရှိအစိုးရပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မကြာခင်ကပဲ ဗဟိုအလုပ်မှုဆောင်အစည်းအဝေး ကျင်းပပြီး အစိုးရအဖွဲ့အစည်းတွေမှာ တိုင်းရင်းသားပါတီတွေနဲ့ ညှိနှိုင်းဖို့ ပြင်ဆင်နေတာကို ဒီတာဝန်ပေးခံရသူတွေထဲက တဦးဖြစ်တဲ့ မကွေးတိုင်းဝန်ကြီးချုပ်နဲ့ ဒီ NLD ပါတီ အတွင်းရေးမှူး ၃ ဒေါက်တာ အောင်မိုးညိုကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဝင်းမင်းက မေးရာမှာ အခုလို စရှင်းပြပါတယ်။

ဒေါက်တာအောင်မိုးညို ။ ။ ကျနော်တို့ ပြီးခဲ့တဲ့ ၁၂ ရက်နေ့ စနေနေ့က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးမှာ ကျနော်တို့က ကြေညာချက်ထုတ်အပေါ်မှာ တိုင်းရင်းသားတွေကလည်းပဲ စိတ်ဝင်စားမှုပြတယ်။ အဲဒီလို ပြတဲ့အတွက်ကြောင့်မို့ တိုင်းရင်းသားတွေနဲ့ စကားပြောဖို့ဆိုပြီးတော့ ကျနော်ရယ်( ဒေါက်တာ အောင်မိုးညိုရယ်) နောက်တခါ အမကြီး ဒေါ်နန်းခင်ထွေးမြင့် ကရင်ဝန်ကြီးချုပ်ရယ်၊ နောက်တခါ ကချင်ပြည်နယ်က ဦးအင်ထုံးခန်းနော်ဆန် သုံးယောက်ကို တာဝန်ပေးတာပေါ့။ တာဝန်ပေးပြီးတော့ တိုင်းရင်းသားတွေနဲ့ စကားပြောဖို့၊ ကျနော်တို့က ဘယ်ရက်သွားမလဲဆိုတာတွေကို ကျနော်တို့ တိုင်ပင်ညှိနှိုင်းနေပါတယ်။ တိုင်းရင်သားပါတီများမှာ အကြောင်းပြန်တဲ့ စာရင်းလည်း ကျနော်တို့မှာ ရှိထားပါတယ်၊ အဲဒီမှာ တိုင်းရင်းသားပါတီ ၁၂ ပါတီက ကျနော်တို့ဆီကို အကြောင်းပြန်ထားတာရှိတယ်။ မြန်မာနိုင်ငံ အထူး ဒေသ (၂) ဝပြည်နယ်အစိုးရ.... ပါတီအမည်တွေကတော့၊ နောက်တခါ ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP၊ ရှမ်းပြည်နယ် အရှေ့ပိုင်းအထူးဒေသ ၄ က အကြောင်းပြန်တယ်၊ နောက် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီက အကြောင်းပြန်တယ်၊ နောက်တခါ လီဆူး အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကယားပြည်သစ်ပါတီ ငြိမ်းချမ်းရေးအဖွဲ့၊ ဓနုအမျိုးသားများ အဖွဲ့ချုပ်ပါတီ စသည်ဖြင့်ပေါ့လေ.... အဲဒါတွေကို ကျနော်တို့ဆီကို အကြောင်းပြန်ထားတာရှိတယ်။ အဲဒီတော့ ဒီအဖွဲ့တွေနဲ့ ကျနော်တို့က စကားပြောမယ်၊ တွေ့ဆုံ ဆွေးနွေးခွင့်ရဖို့ စကားပြောမယ်။ နောက်တခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုက ဘာတွေ၊ ဘာတွေကို ဆွေးနွေးချင်တုန်း၊ ဘာတွေ၊ ဘာတွေကို ညွှန်ကြားမလဲဆိုတာတွေကို မူတည်ပြီးတော့ ကျနော်တို့က ရှမ်းသွားမလား၊ ဘယ်သွားမလဲဆိုတာ စီစဉ်နေပါတယ်။

ကိုဝင်မင်း။ ဟုတ်ကဲ့ပါဆရာရေ၊ ဒီနေရာမှာ တခြား ပါတီကြီးတွေ ဖြစ်တဲ့ ရွေးကောက်ပွဲမှာလည်း နိုင်ထားတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရခိုင်အမျိုးသားပါတီတို့ မွန်တို့နဲ့ရော ဆရာတို့ အချိတ်အဆက်ရထားပြီးပြီလား ဆရာ။

ဒေါက်တာအောင်မိုးညို ။ ။ ဟုတ်ကဲ့။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဒီမှာ ကျနော်ရထားတဲ့ အကြောင်းပြန်ကြားချက် ပါတီအဖွဲ့အစည်း ၁၂ ခုထဲမှာတော့ သူမပါသေးဘူး ဗျ။ မွန်ညီညွတ်ရေးပါတီကတော့ ပြည်နယ်မှာ လွှတ်တော်ကိုယ်စားလှယ် ၆ နေရာနိုင်တယ်။ ကျနော်တို့ဆီကို တုံ့ပြန်ပြီး အကြောင်းပြန်တဲ့အထဲမှာတော့ ဖော်ပြခဲ့တဲ့ စာထဲမှာတော့ မွန်မပါသေးဘူး၊ ရခိုင်လည်း မပါသေးဘူးဗျ။ သူတို့ဆီက အကြောင်းပြန်တဲ့ဟာပဲ ရှိသေးတယ်။ ဘာမှ ကျနော်တို့က ဒီရက်၊ ဒီရက်ကို လာမယ်... ဥပမာအားဖြင့် ဒီဇင်ဘာလကုန်လာမယ်၊ ဇန်နဝါရီလထဲလာမယ်... အဲဒါတွေဘာမှာ မစိစစ်ရသေးဘူး။ တရားဝင်ကို စာတင်ဖို့ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စာတင်ဖို့က ကျနော်တို့ ဆောင်ရွက်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ပြောကြားချက်၊ ကမ်းလှမ်းချက်၊ ကြေငြာချက်ကို တုံ့ပြန်တဲ့အဖွဲ့တွေရှိသလိုမျိုး၊ တုံ့ပြန်တာက တစ်ဖွဲ့၊ နောက် ပါတီအဖြစ်ထူထောင်ထားတာတွေကလည်း အများကြီးပဲ ရှိတယ်လေ။ ဥပမာ နိုင်တာတွေကလည်းပဲ၊ အားလုံးပေါင်း တသီးပုဂ္ဂလရော၊ ဘာရော နိုင်တာဆိုလို့ရှိရင် နိုင်ငံရေးပါတီက ၂၀ ရှိတယ်လေ။ အဲဒီ နိုင်ငံရေးပါတီ ၂၀ အားလုံးနဲ့လည်း ကျနော် တွေ့နိုင်မှာ မဟုတ်ဘူးလေ၊ တွေ့မှာ မဟုတ်ဘူးလေ နော်။ အဲဒီတော့ ဘယ်အဖွဲ့နဲ့ တွေ့နေတုန်း၊ ဘယ်အဖွဲ့နဲ့ တွေ့ရမှာတို့၊ စိတ်ဝင်စားမှု ပြတဲ့ နိုင်ငံရေးပါတီတွေ၊ နောက်တခါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ အဖွဲ့တွေ၊ အဲဒါတွေရှိသလို ရွေးကောက်ပွဲမှာ နိုင်ထားတဲ့ ပါတီတွေလည်းရှိတော့ အားလုံးနဲ့တော့ တွေ့ဖို့ တွေ့ခွင့်ရမှာ မဟုတ်ဘူး။ အဲဒီတော့ ဘယ်အဖွဲ့နဲ့ ဘယ်အဖွဲ့နဲ့တွေ့၊ ဘယ်အဖွဲ့နဲ့တော့ ညှိနှိုင်း၊ ဘာတွေ လိုက်ရောမယ်၊ ဘာတွေကတော့ မလိုက်ရောနိုင်ဘူး စသည်ဖြင့် အဲဒါကို ကျနော်တို့က လူကြီးတွေရဲ့ တရားဝင်လမ်းညွှန်မှုကို ခံယူဖို့ ဆောင်ရွက်နေပါတယ်။

ကိုဝင်မင်း ။ ။ အဲဒီတော့ ဘယ်အဖွဲ့နဲ့ ပထမဆုံးဆွေးနွေးဖို့ရော ဦးစားပေးသတ်မှတ်ထားတာရှိလား။

ဒေါက်တာအောင်မိုးညို ။ ။ အဲဒါသည် ဘယ်အဖွဲ့နဲ့ တွေ့မယ်... ဦးစားပေးသတ်မှတ်တာတော့ လောလောဆယ်ကတော့ ညွှန်ကြားချက်မရှိသေးပါဘူး။ ဥပမာ ကျနော်တို့ သိရသလောက် ထင်သလောက်တော့၊ စဉ်းစားကြည့်မိတာတော့၊ လမ်းကြောင်းသင့်တာတို့ ဘာတို့ကတော့ ကယားသွားမလား၊ ကယားပြီးရင် ရှမ်းသွားမလား၊ မွန်လည်း ဝင်အုန်းမလား၊ ဒါမျိုးလေးတွေ လောလောဆယ်ကတော့ စဉ်းစားနေတာရှိပါတယ်။ အဲဒီအတိအကျ ညွှန်ကြားချက်ကတော့ ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကရမှာပါ။ ဒုတိယဥက္ကဋ္ဌ ဆရာဇော်မြင့်မောင်ဆီက ရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးသိပြီးသားဖြစ်တဲ့အတိုင်းပဲ ဥက္ကဋ္ဌရယ်၊ ဒုဥက္ကဋ္ဌ ၁ ရယ်က ကျနော်တို့ နိုင်ငံရေးပါတီတွေမှာ ရွေးကောက်ပွဲပြီးကတည်းက ပါဝင်ပတ်သတ်ခြင်းမရှိတော့ ဒီကိစ္စတွေ ဆောင်ရွက်လို့ရှိရင် ဒုတိယ ဥက္ကဋ္ဌ ၂ ဖြစ်တဲ့ ဆရာဇော်မြင့်မောင်ဆီကို စာတင်မယ်၊ စာတင်ပြီးတော့ သူ့ဆီက ညွှန်ကြားချက်အတိုင်း ကျနော်တို့က ကယားသွားဆိုသွားမယ်၊ မွန်သွားဆိုသွားမယ်၊ ရှမ်းသွားဆိုသွားမယ်။ ကျနော်တို့ အထက်က ညွှန်ကြားချက်အတိုင်း ဆောင်ရွက်မှာပါ။ ကျနော်ထင်တာတော့ ရခိုင်အမျိုးသားပါတီ ၇ နေရာ နိုင်ထားသော်လည်းပဲ ရခိုင်ကိုတော့ လုံခြုံရေးအရသွားလို့ ရမယ်လို့တော့ မထင်ဘူးဗျ။ ပြည်နယ်လွှတ်တော်မှာ ၂၇ နေရာနိုင်ထားတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မတွေ့နဲ့ဆိုတာမျိုး၊ မတွေ့ဘူးဆိုတာမျိုးကတော့ မရှိပါဘူး။ သူက အများကြီးနိုင်ထားတာဆိုတော့ သူနဲ့ တွေ့ဖို့ အလားအလာ အင်မတန်များပါတယ်။ ဒါကတော့ ညွှန်ကြားချက်ကို စောင့်မှာပေါ့။ ကျနော်တို့က သွားမယ်၊ တွေ့မယ်၊ ခိုင်းတဲ့အတိုင်း ကျနော် တာဝန်ယူမယ်၊ ဆောင်ရွက်မယ်၊ အတတ်နိုင်ဆုံး တိုင်းရင်းသား ညီအကိုတွေနဲ့ အဆင်ပြေအောင်၊ နားလည်မှုရှိအောင်၊ သူတို့က ဘာတွေလိုလားတာတို့၊ သူတို့ ဘာတွေ ဖြစ်စေချင်တာတို့၊ လွှတ်တော်မှာ ဘာဖြစ်စေချင်တာတို့၊ အစိုးရမှာ ဘာဖြစ်စေချင်တာတို့၊ ဒါတွေကို ကျနော်တို့ မေးမယ်။ အဲဒီလို့ မေးခွင့် တရားဝင်သွားခွင့်ရဖို့အတွက်ကို ဒီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အလုပ်အမှုအဆောင်အဖွဲ့ ဒုဥက္ကဋ္ဌ ၂ ဖြစ်တဲ့ ဆရာဒေါက်တာ ဇော်မြင့်မောင်ဆီကို ကျနော်တို့ တင်ပြဖို့ ကျနော်တို့ စာကြမ်း ပြုစုနေပါတယ်။


ကိုဝင်းမင်း/VOA (Burmese)

https://burmese.voanews.com/a/nld-ethnic-affairs/5698680.html

တိုင်းရင်းသားပါတီများညှိနှိုင်းမည့်အခြေအနေ - NLD အတွင်းရေးမှူး (၃) ဒေါက်တာအောင်မိုးညိုနဲ့ မေးမြန်းချက် တိုင်းရင်းသားပါတီများညှိနှိုင်းမည့်အခြေအနေ - NLD အတွင်းရေးမှူး (၃) ဒေါက်တာအောင်မိုးညိုနဲ့ မေးမြန်းချက် Reviewed by THITHTOOLWIN on 23:20 Rating: 5

No comments:

Powered by Blogger.