Moderna ကိုဗစ်ကာကွယ်ဆေး အရေးပေါ်အသုံးပြုခွင့် ကန် FDA အကြံပေးအဖွဲ့ အတည်ပြု

Moderna ဆေးကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး

အမေရိကန် ဆေးကုမ္ပဏီ Moderna က ထုတ်တဲ့ Covid 19 ကာကွယ်ဆေးကို အရေးပေါ် အခြေနေ အသုံးပြုဖို့ FDA အမေရိကန် အစားအစာနဲ့ ဆေးဝါးစီမံခန့်ခွဲရေးဌာနရဲ့ သီးခြားလွတ်လပ်တဲ့ ကျွမ်းကျင်ပညာရှင်များအဖွဲ့က ကြာသပတေးနေ့မှာ အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ Pfizer – BioNTech ထုတ် ဒီရောဂါ ကာကွယ်ဆေးကို FDA က ပထမဆုံးအဖြစ် အရေးပေါ် အခြေနေသုံးခွင့် အတည်ပြုပေးခဲ့ပါတယ်။

အခု Moderna ထုတ်ဆေးကို ကျွမ်းကျင်ပညာရှင်များ အဖွဲ့က ၇ နာရီလောက် ဆွေးနွေးညှိနှိုင်း ပြီးတဲ့နောက် မဲခွဲဆုံးဖြတ် အတည်ပြုပေးခဲ့တာပါ။ Stanford တက္ကသိုလ် ဆေးပညာဌာနက Dr. Hayley Gans ကတော့ ဒီဆေးနဲ့ပတ်သက်ပြီး အသေးစိတ် လေ့လာရာမှာ ကြီးမားတဲ့ ပြဿနာ တစုံတရာ ဖြစ်ပွါးမှု မရှိကြောင်း တွေ့ရတယ်လို့ ပြောပါတယ်။

အမေရိကန်နိုင်ငံမှာ ဒီရောဂါအကူးစက်ခံရသူ ၁.၆ သန်းကျော် ရှိပြီး သေဆုံးရသူ ၃သိန်းကျော် နေချိန်မှာ အလားအလာကောင်းတဲ့ ဆေးတွေ ရရှိလာတာ ဖြစ်ပြီး ဒုတိယမြောက် ဆေးကို အရေးပေါ် သုံးစွဲခွင့် အတွက် သောကြာနေ့လောက်မှာ FDA က ချထားပေးမယ်လို့ ခန့်မှန်းရပါတယ်။

Moderna ကာကွယ်ဆေးအတွက် အတည်ပြုချက် ရလာရင် ဆေးအလုံးပေါင်း ၆ သန်းလောက်ကို ကျန်းမာရေးဝန်ထမ်းတွေနဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဌာနတွေမှာ နေထိုင်သူတွေကို စတင်ဖြန့်ဖြူးပေးဖို့ စီစဉ်ထားတာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အတည်ပြုပေခဲ့တဲ့ Pfizer/BioNTech ထုတ်ဆေးတွေကို အမေရိကန် နိုင်ငံတလွှား ဖြန့်ဖြူးပေးနေပြီဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ပထမဆုံး ဆောင်းရာသီနှင်းမုန်တိုင်း တိုက်ခတ်လာတဲ့အတွက် ဗုဒ္ဓဟူး - ကြာသပတေးနေ့တွေမှာ အရှေ့မြောက်ပိုင်း ဒေသတလွှားမှာ နှင်းထုက တပေလောက် ကျဖို့ရှိတာကြောင့် ဆေးဖြန့်ဖြူးမှုခက်ခဲနိုင်ခြေ ရှိနေပါတယ်။

အမေရိကန် နိုင်ငံတလွှားက ဆေးရုံတွေနဲ့ နာတာရှည် ဆေးကုသမှေရး ဌာနတွေမှာတော့ တနင်္လာနေ့က စပြီ ကနဦးအဖြစ် ဆေး အလုံးပေါင်း ၂.၉ သန်း လောက် ထိုးပေးနေပြီဖြစ်ပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/us-panel-endorses-second-covid-19-vaccine/5704326.html

Moderna ကိုဗစ်ကာကွယ်ဆေး အရေးပေါ်အသုံးပြုခွင့် ကန် FDA အကြံပေးအဖွဲ့ အတည်ပြု Moderna ကိုဗစ်ကာကွယ်ဆေး အရေးပေါ်အသုံးပြုခွင့် ကန် FDA အကြံပေးအဖွဲ့ အတည်ပြု Reviewed by THITHTOOLWIN on 08:50 Rating: 5

No comments:

Powered by Blogger.