ကိုဗစ်ကို အိမ်မှာတင် စမ်းသပ်နိုင်တဲ့ကိရိယာ ကန် FDA သုံးစွဲ ရောင်းချခွင့်ပြု

Virus Outbreak Vaccine Diversity

Covid-19 အတွက် ပထမဆုံး အိမ်မှာပဲ ကိုယ်တိုင်စမ်းသပ်နိုင်တဲ့ ပစ္စည်းကိရိယာကို FDA အမေရိကန် အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးဌာနက အင်္ဂါနေ့က စတင် သုံးစွဲ ခွင့်ပြုလိုက်ပါပြီ။ ဒီပစ္စည်းကိရိယာဟာ မိနစ် ၂၀ လောက်မှာ ရလာဒ်ကို ထွက်ပေါ်စေမှာ ဖြစ်သလို၊ ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူလို့ ရနိုင်မှာဖြစ်ပါတယ်။

Covid-19 စမ်းသပ်ကိရိယာကို ကာလီဖိုးနီးယားအခြေစိုက် Ellume ကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပြီး တခုကို အမေရိကန် ဒေါ်လာ ၃ဝ နှုန်းနဲ့ရောင်းချမှာဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ ၂၀၂၁ခုနှစ် ဇန်နဝါရီလမှာ ပစ္စည်းကိရိယာအရေအတွက်ပေါင်း သုံးသန်းဖြန့်ချီ ရောင်းချဖို့ စီစဉ်ထားပါတယ်။

လူတွေ အရှည်ကြီး တန်းစီရမှာကို ရှောင်ရှားနိုင်ဖို့ FDA အနေနဲ့ အရင်က အခုလိုမျိုး အိမ်မှာ ကိုယ်ဘာသာကိုယ်စမ်းသပ်နိုင်တဲ့ အခြား ပစ္စည်းကိရိယာတွေကို ခွင့်ပြုခဲ့ပေမဲ့ လူတွေအနေနဲ့ နမူနာကို ဓါတ်ခွဲစမ်းသပ်ခန်းကို ပို့ရမှာဖြစ်ပြီး ရလာဒ်ကိုလည်း စောင့်ရဖို့ လိုပါတယ်။

မကြာသေးခင်က ခွင့်ပြုခဲ့တဲ့ ပစ္စည်းကိရိယာကတော့ အဲဒီလိုမျိုး မလိုအပ်ပေမဲ့ ဆရာဝန်ခွင့်ပြုချက်ရမှ ဝယ်ယူခွင့်ရတာဖြစ်ပါတယ်။ အခုနောက်ဆုံး Ellume ကုမ္ပဏီက ထုတ်မယ့် Covid-19 စမ်းသပ်ကိရိယာကတော့ ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူနိုင်မှာဖြစ်သ လို၊ ရလာဒ်ကိုလည်း ကိုယ့်ရဲ့ နေအိမ်မှာပဲ မိနစ် ၂၀ လောက်အတွင်း သိနိုင်မှာဖြစ်ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/us-authorizes-first-at-home-covid-test/5701136.html

ကိုဗစ်ကို အိမ်မှာတင် စမ်းသပ်နိုင်တဲ့ကိရိယာ ကန် FDA သုံးစွဲ ရောင်းချခွင့်ပြု ကိုဗစ်ကို အိမ်မှာတင် စမ်းသပ်နိုင်တဲ့ကိရိယာ ကန် FDA သုံးစွဲ ရောင်းချခွင့်ပြု Reviewed by THITHTOOLWIN on 22:05 Rating: 5

No comments:

Powered by Blogger.