မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ၉၅,၀၀၀ ကျော်၊ သေဆုံးသူ ၂,၀၀၀ ကျော်သွားပါပြီ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ ဒီဇင်ဘာ ၃ ရက် ည ၈ နာရီထုတ်ပြန်ချက်အရ အတည်ပြုလူနာသစ် ၁,၄၁၈ ယောက်ရှိတာမို့ စုစုပေါင်း အတည်ပြုလူ ၉၅,၀၁၈ ယောက်ဖြစ်ပါတယ်
ကိုဗစ်ရောဂါကြောင့် သေဆုံးသူကလည်း ဒီနေ့ ၃၀ ရှိပါတယ်။ အဲဒီထဲမှာ ရောဂါအခံရှိသူ ၂၄ ယောက်ပါတယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီနေ့ည ၈ နာရီထုတ်ပြန်ချိန်အထိ သေဆုံးသူ စုစုပေါင်းက ၂,၀၂၈ ယောက်ဖြစ်ပါတယ်။
ဒီနေ့အတွက် စစ်ဆေးခဲ့တဲ့ ဓါတ်ခွဲနမူနာ စုစုပေါင်းက ၂၂,၇၁၉ ပါ။
ကိုဗစ်ရောဂါပျောက်ကင်းလို့ ဆေးရုံက ဆင်းခွင့်ရသူ စုစုပေါင်းကတော့ မြန်မာနိုင်ငံမှာ ၇၃,၇၄၈ ယောက်ရှိပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကူးစက်သူ အရေအတွက်ဟာ ရောဂါစတင်တဲ့ တရုတ်နိုင်ငံထက်တောင် များသွားပြီဖြစ်ပါတယ်။ ကူးစက်သူအရေအတွက် ရန်ကုန်တိုင်းပြီးရင် ဒုတိယအများဆုံးဖြစ်တဲ့ မန္တလေးတိုင်းမှာ ဒီဇင်ဘာ ၅ ရက်ကနေ ၁၈ ရက်နေ့အထိ မလိုအပ်ရင် အိမ်ပြင်မထွက်ရ ကန့်သတ်ချက် ထုတ်ပြန်လိုက်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-myanmar-cases/5685837.html
No comments:
Post a Comment