မြန်မာ COVID-19 ကူးစက်သူ ၁၁၄,၁၉၈ ဦး၊ သေဆုံးသူ ၂,၃၉၈ ဦးရှိပြီ

မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် အသက်ဆုံးရသူကို သဂြိုဟ် ( နိုဝင်ဘာ ၂၅-၂၀၂၀)

(ZAWGYI/UNICODE) မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၁၁၆ ယောက် ထပ်တိုးပြီး သေဆုံးသူက ၂၁ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သေဆုံးသူတွေထဲမှာ ၅ ယောက်က ရောဂါအခံမရှိသူတွေဖြစ်တယ်ဆိုတာ ထုတ်ပြန်ချက်အရ တွေ့ရပါတယ်။

ဓာတ်ခွဲနမူနာပေါင်း ၂၄,၅၀၁ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုးကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၁,၅၅၁,၅၃၈ ခု ရှိသွားပြီဖြစ်ပါတယ်။ သေဆုံးသူ အရေအတွက်က ၂,၃၉၈ ဦး ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၁၁၄,၁၉၈ ဦး ရှိသွားပါပြီ။

ဒီကနေ့ညထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူအရေအတွက် ၁,၃၇၉ ယောက်ရှိတယ်လို့ ဖော်ပြထားတာကြောင့် ရောဂါပျောက်ကင်းသွားသူပေါင်း ၉၂,၉၁၆ ယောက် ရှိသွားပြီဖြစ်ပါတယ်။ဒီကနေ့ကိန်းဂဏန်းတွေကို မနေ့ကနဲ့ နှိုင်းယှဉ်မယ်ဆိုရင် စစ်ဆေးတဲ့အရေအတွက် ပိုများပြီး ကူးစက်သူအရေအတွက် နည်းသလို သေဆုံးသူလည်း ပိုနည်းပါတယ်။ ရောဂါပျောက်ကင်းသူအရေအတွက်ကလည်း မနေ့ကထက် ပိုများပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားတာအရဆိုရင် ဒီကနေ့ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၄.၅၅% ရှိပြီး ပြန်ကောင်းလာသူ ၈၁.၃၆% ၊ သေဆုံးနှုန်းက ၂.၀၉% ရှိပါတယ်။သေဆုံးသူတွေထဲမှာ နောက်ခံရောဂါရှိသူက ၇၆.၁၉% ရှိတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ရေးထားပါတယ်။


VOA (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-covid-update-dec18/5704683.html

မြန်မာ COVID-19 ကူးစက်သူ ၁၁၄,၁၉၈ ဦး၊ သေဆုံးသူ ၂,၃၉၈ ဦးရှိပြီ မြန်မာ COVID-19 ကူးစက်သူ ၁၁၄,၁၉၈ ဦး၊ သေဆုံးသူ ၂,၃၉၈ ဦးရှိပြီ Reviewed by THITHTOOLWIN on 22:42 Rating: 5

No comments:

Powered by Blogger.