COVID-19 ဆေးထိုးတာမှာ ရွှေ့ပြောင်းအခြေချသူတွေ ချန်မထားဖို့ IOM အကြီးအကဲတိုက်တွန်း

COVID-19 ဆေးထိုးတာမှာ ရွှေ့ပြောင်းအခြေချသူတွေ ချန်မထားဖို့ IOM အကြီးအကဲတိုက်တွန်း

(ZAWGYI/UNICODE) COVID-19 ရောဂါကာကွယ်ဆေး ထိုးပေးတဲ့သူတွေထဲမှာ ရွှေ့ပြောင်းအခြေချသူတွေကိုလည်း ထည်သွင်းဖို့လိုတယ်လို့ ရွှေ့ပြောင်းနေထိုင်သူများ ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ (IOM) အကြီးအကဲကပြောလိုက်ပါတယ်။

“ရွွှေ့ပြောင်းအခြေချသူတွေ နိုင်ငံသားဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သူတို့ရဲ့ တရားဝင်ဖြစ်မှုအနေအထား ကို မကြည့်ဘဲ ကိုဗစ် ကာကွယ်ဆေးထိုးနိုင်အောင် လုပ်ပေးဖို့က သက်ဆိုင်ရာတိုင်းပြည်ကအစိုးရရဲ့တာဝန်ဖြစ်တယ်" လို့ IOM အကြီးအကဲ Antonio Vitorino ကပြောပါတယ်။ လူတယောက်ဆီမှာပိုးရှိနေရင် ဘယ်သူ့အတွက်မှ စိတ်မချရဘူးလို့လည်း ဒီဇင်ဘာလ ၁၈ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းအခြေသူများနေ့ မတိုင်ခင်မှာ ရိုက်ယူထားတဲ့ ဗီဒီယိုထဲမှာ IOM အကြီးအကဲက တိုက်တွန်း ပြောဆိုထားတာပါ။ ကပ်ရောဂါကြောင့် ကန့်သတ်တားမြစ်ချက်တွေ ချမှတ်ထားတာ၊ နယ်စပ်ပိတ်တာတွေကြောင့် ကမ္ဘာတဝန်းက ရွှေ့ပြောင်းအခြေချသူ ၃ သန်းလောက် သူတို့ရောက်နေတဲ့အရပ်မှာ သောင်တင်ပြီး အားကိုးရာမဲ့ဖြစ်နေကြတယ်လို့လည်းပြောပါတယ်။

ကမ္ဘာတဝန်းရွှေ့ပြောင်းအခြေချသူ ၂၇၂ သန်းထဲမှာအမျိုးသမီးတွေက ထက်ဝက်နီးပါးရှိမယ်လို့ IOM ကခန့်မှန်းပါတယ်။ ဘယ်လိုအကြောင်းရင်းနဲ့မဆို အခြားနိုင်ငံတခုဆီပြောင်းရွေ့သွားသူအားလုံးကို ရွှေ့ပြောင်းအခြေချသူအဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားတာပါ။ အများစုကတော့ စီးပွါးရေးအခွင့်အလမ်းတွေရဖို့ ရွှေ့ပြောင်းကြတာလည်းဖြစ်ပါတယ်။

IOM ရဲ့အချက်အလက်တွေအရ ပြည်ပနိုင်ငံတွေမှာရွေ့ပြောင်း နေထိုင်သူအများဆုံးက အိန္ဒိယနိုင်ငံကဖြစ်ပြီး ၁၇.၅ သန်းရှိပါတယ်။ သူ့နောက်မှာတော့ မက္ကဆီကိုက ၁၁.၈ သန်း၊ တရုတ်က ၁၀.၇ သန်းအသီးသီးရှိနေတာပါ။ အမေရိကန်နိုင်ငံဟာ ရွှေ့ပြောင်းအခြေချသူတွေ အများဆုံးလာတဲ့ ထိပ်တန်းနိုင်ငံအဖြစ် ဆက်ရှိနေပြီး လက်ရှိမှာ ပြောင်းရွှေ့နေထိုင်ငသူ သန်း ၅၀ ကျော်ရှိပါတယ်။


VOA (မြန်မာပိုင်း)

https://burmese.voanews.com/a/iom-chief-on-migrants-covid-19/5704538.html

COVID-19 ဆေးထိုးတာမှာ ရွှေ့ပြောင်းအခြေချသူတွေ ချန်မထားဖို့ IOM အကြီးအကဲတိုက်တွန်း COVID-19 ဆေးထိုးတာမှာ ရွှေ့ပြောင်းအခြေချသူတွေ ချန်မထားဖို့ IOM အကြီးအကဲတိုက်တွန်း Reviewed by THITHTOOLWIN on 22:55 Rating: 5

No comments:

Powered by Blogger.