ကွာရန်တင်းဝင်နေသူတွေအတွက် နွယ်အေးစွန္နီဂျာမေဗလီက အစားအသောက်တွေ နေ့စဉ် ပို့ဆောင် လှူဒါန်း

ဓာတ်ပုံ - Ye Myo Khant / MPA
ဓာတ်ပုံ - Ye Myo Khant / MPA


ကိုဗစ် -၁၉‌ကြောင့် ကွာရန်တင်းဝင်နေသူတွေကို ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်က နွယ်အေးစွန္နီဂျာမေဗလီလူမှုရေးအသင်းက စားသောက်ဖွယ်ရာတွေ လှူဒါန်းနေတာဖြစ်ပါတယ်။

"ကျွန်တော်တို့ လှူနေတာ စက်တင်ဘာလကတည်းက စလှူနေတာပေါ့။ ခုဆိုရင်သုံးလပြည့်ပါပြီ။  လူမျိုးမရွေး၊ ဘာသာမရွေး ဆက်သွယ်လာတဲ့သူမှန်သမျှကို  ကျွန်တော်တို့အသင်းအနေနဲ့လိုက်လံပို့ဆောင်လှူဒါန်းပေးနေတာပါ"လို့ နွယ်အေးစွန္နီဂျာမေဗလီ လူမှုရေးအသင်း အတွင်းရေးမှူးဦးဇော်မင်းလတ်က ပြောပါတယ်။ 

ဓာတ်ပုံ - Ye Myo Khant / MPA
ဓာတ်ပုံ - Ye Myo Khant / MPA

ကွာရန်တင်းဝင်သူတွေအတွက် နေ့စဉ် သုံးနပ်စာ၊ တစ်နေ့ကို လူ  ၁၆၀၀ ကျော်အတွက် နေ့စဉ် လှူဒါန်းပေးနေတာဖြစ်ပါတယ်။ 

"တစ်နေ့ကို နှစ်ကြိမ်ပို့ပေးပါတယ်။ နေ့လယ်တစ်ကြိမ် ၊ ညနေတစ်ကြိမ်ပေါ့။မနက်စာကိုကျတော့ ညနေစာနဲ့ ပေါင်းပြီး ကော်ဖီတို့ပေါင်မုန့်တို့ အဆာ‌ပြေစားလို့ရမယ့်ဟာမျိုးထည့်ပေးလိုက်တာပေါ့" လို့ အသင်းက အစား‌သောက်ပို့‌ဆောင်‌ပေး‌နေသူတစ်ဦးက ရှင်းပြပါတယ်။ 

ဓာတ်ပုံ - Ye Myo Khant / MPA
ဓာတ်ပုံ - Ye Myo Khant / MPA

အစားအသောက်တွေကို ကျန်းမာရေးနှင့်အညီ စီမံ ချက်ပြုတ်ပေးနေပြီး အသင်းအနေနဲ့  ရန်ပုံငွေမတည်လှူဒါန်းလျက်ရှိပြီး ပြင်ပလှူဒါန်းမှုတွေလည်းရှိတယ်လို့ ဆိုပါတယ်။ 


ဘီဘီစီမြန်မာပိုင်း

https://www.facebook.com/BBCnewsBurmese

ကွာရန်တင်းဝင်နေသူတွေအတွက် နွယ်အေးစွန္နီဂျာမေဗလီက အစားအသောက်တွေ နေ့စဉ် ပို့ဆောင် လှူဒါန်း ကွာရန်တင်းဝင်နေသူတွေအတွက် နွယ်အေးစွန္နီဂျာမေဗလီက အစားအသောက်တွေ နေ့စဉ် ပို့ဆောင် လှူဒါန်း Reviewed by THITHTOOLWIN on 00:52 Rating: 5

No comments:

Powered by Blogger.