ဥရောပမှာ ကိုဗစ်ကာကွယ်ဆေး ဒီဇင်ဘာ ၂၇ ရက်နေ့ စထိုးပေးနိုင်ဖို့ စီစဉ်နေ

German Chancellor Angela Merkel wears a protective face mask as she arrives for the continuation of an EU summit meeting in Brussels, Belgium, July 20, 2020.

Covid 19 ကာကွယ်ဆေးကို အီးယူ ဥရောပသမဂ္ဂ နိုင်ငံတွေမှာ ဒီဇင်ဘာလ ၂၇ ရက်နေ့က စပြီး ထိုးပေးဖို့ စီစဉ်နေပါပြီ။

ကာကွယ်ဆေးကို အတည်ပြုပေးဖို့ နှေးကွေးနေတာအတွက် အဝေဖန်ခံနေရတဲ့ အီးယူဟာ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတွေကို အမှီလိုက်ဖို့ ကြိုးစားနေတာ ဖြစ်ပြီး နောက် ဆယ်ရက်လောက် အကြာမှာ အီးယူအဖွဲ့ဝင်နိုင်ငံတေမှာ ဆေးစတင်ထိုးနှံပေးနိုင်တော့မှာ ဖြစ်ကြောင်း ဂျာမဏီကျန်းမာရေးဝန်ကြီး Jens Spahn က ကြာသပတေးနေ့မှာ ပြောပါတယ်။

တကယ်လို့ ဒီဇင်ဘာ ၂၁ နဲ့ ၂၃ ရက်တွေမှာ စီစဉ်ထားတဲ့အတိုင်း ကာကွယ်ဆေးကို ပထမ EMA -ဥရောပဆေးအဖွဲ့ နောက် ဥရောပကော်မရှင်ကနေ အတည်ပြုပေးလိုက်မယ် ဆိုရင် ဂျာမဏီနိုင်ငံမှာ ဒီဇင်ဘာလ ၂၇ ရက်ကစပြီး ထိုးပေးဖို့လုပ်တော့မှာ ဖြစ်ကြောင်း ပြောသွားတာပါ။ ဒါ့အပြင် တခြား အီးယူအဖွဲ့ဝင် နိုင်ငံတွေလည်း ဒီဇင်ဘာ ၂၇ ရက်နေ့မှာ စထိုးဖို့ လုပ်ချင်ကြမှာပါ လို့ ပြောပါတယ်။

ဂျာမဏီကျန်းမာရေးဝန်ကြီးဟာ ဂျာမဏီဝန်ကြီးချုပ် Angela Merkel၊Pfizer နဲ့ ကာကွယ်ဆေးပူးတွဲထုတ်တဲ့ ဂျာမဏီက BioNTech က အမှုဆောင်အရာရှိတွေနဲ့ အွန်လိုင်းဆွေးနွေးပွဲမလုပ်ခင် ပြောကြားခဲ့တာပါ။

ဂျာမဏီနိုင်ငံ Frankfurt မှာ တော့ လူပေါင်း ၄ ထောင်လောက်ကို ကာကွယ်ဆေးထိုးပေးနိုင်တဲ့ စင်တာ အသစ်တခုကိုဖွင့်ထားပြီး Covid 19 ကာကွယ်ဆေးထိုးရေး လုပ်ငန်းအတွက် ပြင်ဆင်ထားတာပါ။

ဂျာမဏီနိုင်ငံအနေနဲ့ အီးယူဥရောပသမဂ္ဂရဲ့ စည်းကမ်းကိုလိုက်နာပြီး ဥရောပဆေးအဖွဲ့ EMA က ကာကွယ်ဆေးကို အတည်ပြုပေးတဲ့အထိ စောင့်နေတာ ဖြစ်ပါတယ်။ EMA က ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ အတည်ပြုချက် ထုတ်ပြန်ဖို့ရှိပါတယ်။

ဗြိတိန်နိုင်ငံမှာ လူပေါင်း တသိန်း ၄ သောင်းလောက် ကာကွယ်ဆေးထိုးပြီးပြီဖြစ်ကြောင်း BioNTech က ဆေးဘက်အကြီးအကဲ Oezlem Tuereci က ဆွေးနွေးပွဲမှာ ပြောပါတယ်။

ဒါ့အပြင် အီးယူနိုင်ငံအားလုံးမှာ ဒီကာကွယ်ဆေးကို စထိုးပေးနိုင်ဖို့ ဝန်ထမ်းတွေ အလုပ်လုပ်နေကြပြီး နောက်နှစ် ဆောင်းရာသီလောက်ဆိုရင် ဒီကပ်ရောဂါအတွက် တားမြစ်ကန့်သတ်မှုတွေ လုပ်စရာလိုတော့မှာ မဟုတ်ဖူးလို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/covid-vaccinations-to-start-across-eu-from-dec-27/5704398.html

ဥရောပမှာ ကိုဗစ်ကာကွယ်ဆေး ဒီဇင်ဘာ ၂၇ ရက်နေ့ စထိုးပေးနိုင်ဖို့ စီစဉ်နေ ဥရောပမှာ ကိုဗစ်ကာကွယ်ဆေး ဒီဇင်ဘာ ၂၇ ရက်နေ့ စထိုးပေးနိုင်ဖို့ စီစဉ်နေ Reviewed by THITHTOOLWIN on 22:53 Rating: 5

No comments:

Powered by Blogger.