အချက်ပြမီးများဖွင့်ပြီး မော်တော်ယာဉ် ပြင်နေစဉ် ၁၂ ဘီးယာဉ်မှ ဝင်ရောက်တိုက်မိခဲ့၍ နှစ်ဦးသေဆုံးမှု ရန်ကုန်-မန္တလေး လမ်းဟောင်း၌ ဖြစ်ပွား

မြစ်သား၊ ၇ ဒီဇင်ဘာ

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၃၅၆/၇နှင့် ၃၅၆/၈ ကြား ပေါမောကျေးရွာအနီး ခန့်မှန်း ဒီဇင်ဘာ ၇ ရက် နံနက် ၁ နာရီအချိန်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စောအောင်ဝင်းနှင့် ယာဉ်နောက်လိုက် ဖြစ်သူ တင်ကိုကိုဝင်း တို့သည် ၎င်းတို့ မောင်းနှင်လာသည့် (၁၂)ဘီးအဖြူရောင် မော်တော်ယာဉ်ကို ရန်ကုန်-မန္တလေးလမ်းအတိုင်း တောင်မှ မြောက်သို့ ဦးတည်လျှက် လမ်း၏ယာဘက်ခြမ်းတွင် အချက်ပြ မီးများဖွင့်လှစ်ရပ်တန့်ကာ မော်တော်ယာဉ်၏ အောက်ပိုင်းအားဝင်ရောက်ပြုပြင်နေစဉ် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်းသန်းထိုက် မောင်းနှင်ပြီး ချစ်ကို လိုက်ပါလာသည့် အဖြူရောင်(၁၂)ဘီးယာဉ်မှ အရှိန် မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် ချစ်ကိုတွင် ဒဏ်ရာရရှိခြင်းမရှိဘဲ ယာဉ်မောင်းသန်းထိုက်တွင် ဒဏ်ရာများ(စိုးရိမ်ရ) ရရှိပြီး စောအောင်ဝင်းနှင့် တင်ကိုကိုဝင်းတို့မှာလည်း ဒဏ်ရာများရရှိကာ ယင်းဒဏ်ရာတို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့်   ယာဉ်မဆင်မခြင် မောင်းနှင်သူ သန်းထိုက်အား မြစ်သားမြို့မရဲစခန်းမှ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။


မြမြမွန်(ပြန်/ဆက်)

Myanmar Digital News

https://www.facebook.com/MyanmarDigitalNews/

အချက်ပြမီးများဖွင့်ပြီး မော်တော်ယာဉ် ပြင်နေစဉ် ၁၂ ဘီးယာဉ်မှ ဝင်ရောက်တိုက်မိခဲ့၍ နှစ်ဦးသေဆုံးမှု ရန်ကုန်-မန္တလေး လမ်းဟောင်း၌ ဖြစ်ပွား အချက်ပြမီးများဖွင့်ပြီး မော်တော်ယာဉ် ပြင်နေစဉ် ၁၂ ဘီးယာဉ်မှ ဝင်ရောက်တိုက်မိခဲ့၍ နှစ်ဦးသေဆုံးမှု ရန်ကုန်-မန္တလေး လမ်းဟောင်း၌ ဖြစ်ပွား Reviewed by THITHTOOLWIN on 21:17 Rating: 5

No comments:

Powered by Blogger.