ထန်တလန်မြို့နယ်၌ လူစီးကားတိမ်းမှောက် ၊ ၂ ဦး သေဆုံး ၉ ဦး ဒဏ်ရာရ


ထန်တလန် ဒီဇင်ဘာ ၁၄

ချင်းပြည်နယ်၊ထန်တလန်မြို့နယ် ထန်တလန်-ဟားခါးကားလမ်း မိုင်တိုင်အမှတ် (၁၇) မိုင်တိုင်၌ ယနေ့နံနက် ၇ နာရီ ခွဲခန့်က မှန်လုံကား ဖြူစိမ်းကြား (ချင်းတောင်တန်းကား)  တိမ်းမှောက်မှုကြောင့် (၂) ဦးသေဆုံးကာ (၉) ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ထန်တလန်မြို့မှ ဟားခါးမြို့ဘက်သို့ ထန်တလန်မြို့ အမှတ် (၁) ရပ်ကွက်နေ ဦးရုန်ကျဲအို(၂၂)နှစ် မောင်းနှင်ပြီး ခရီးသည်အပါအဝင် (၁၁) ဦး လိုက်ပါလာသော မှန်လုံကား ဖြူစိမ်းကြား(ချင်းတောင်တန်းကား) သည် ဘရိတ်ပေါက်သဖြင့်  ဘယ်ဘက်ခြမ်းကို ချော်ကျတိမ်းမှောက်ခဲ့ကြောင်း သိရသည်။


မှန်လုံကား ဖြူစိမ်းကြား (ချင်းတောင်တန်းကား) တိမ်းမှောက်မှုကြောင့် (၂) ဦးမှာ ဒဏ်ရာရ သေဆုံးသွားခဲ့ပြီး  ယာဉ်မောင်းအပါအဝင် (၉) ဦးတွင် ဒဏ်ရာများရရှိခဲ့သောကြောင့် ယာဉ်မောင်း ဦးရှန်ကျဲအိုအား ထန်တလန်မြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။


မြို့နယ်(ပြန်/ဆက်)

Myanmaalinn

https://www.facebook.com/MYANMAALINNNEWS

ထန်တလန်မြို့နယ်၌ လူစီးကားတိမ်းမှောက် ၊ ၂ ဦး သေဆုံး ၉ ဦး ဒဏ်ရာရ ထန်တလန်မြို့နယ်၌ လူစီးကားတိမ်းမှောက် ၊ ၂ ဦး သေဆုံး ၉ ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 23:09 Rating: 5

No comments:

Powered by Blogger.