ဟုမ္မလင်းတွင် အချုပ်သားနှစ်ဦး ပိုးတွေ့


ဟုမ္မလင်း၊ ဒီဇင်ဘာ -၁၈

ဟုမ္မလင်းမြို့ရှိ မြို့မ ရဲစခန်းအချုပ်တွင် အချုပ်သားနှစ်ဦး ဗိုင်းရပ်စ်ပိုးတွေ့ရှိထားသည်။

ဒီဇင်ဘာ ၁၆ ရက်နေ့က အသက် ၃၂ နှစ်အရွယ်အချုပ်သား အမျိုးသားတစ်ဦးပိုးတွေ့ရှိပြီးနောက် အချုပ်သား ၄၀ ကျော်အား ဧည့်တွေ့ခြင်း ကန့်သတ်ခဲ့သည်။

ယနေ့နံနက်ပိုင်းတွင် အချုပ်သားသုံးဦး ၊ ရဲဝန်ထမ်းသုံးဦး ၊ ကွာရတင်းဝင်နေသူ ၄ ဦးအား ရောဂါပိုးစစ်ဆေးရာ အသက် ၄၉ နှစ်အရွယ်အချုပ်သားတစ်ဦး ထပ်မံပိုးတွေ့ခြင်းဖြစ်သည်။

" အားလုံးစစ်ဖို့ရာ RDT Test kit မလုံလောက်တော့  နီးစပ်သလောက်တော့ စစ်ပြီးပါပြီ။ ပိုးတွေ့အချုပ်သားနေတဲ့ အခန်းကိုလည်း ဧည့်တွေ့တွေပိတ်တယ် ။မလိုအပ်ပဲ အချုပ်ခန်းနား မသွားလာဖို့ ကန့်သတ်ထားပါတယ်"ဟု မြို့နယ်ဆေးရုံအုပ် ဒေါက်တာဝင်းနိုင်ထွန်းကပြောသည်။

ဟုမ္မလင်းမြို့ ကုတင် ၁၀၀ ဆံ့ပြည်သူ့ဆေးရုံတွင် ကိုဗစ်လူနာ ၈ ဦးကုသမှုခံယူနေသည်။ လူနာများနှင့် ဆက်စပ်သူ ၊အခြားဒေသမှ လာ၍  အမှတ် ၁ အထက်တန်းကျောင်းတွင် ကွာရတင်းဝင်နေသူ ၈၈ ဦးရှိသည်။


တင်မျိုးငြိမ်း

Monywa Gazette

https://www.facebook.com/monywagazette

ဟုမ္မလင်းတွင် အချုပ်သားနှစ်ဦး ပိုးတွေ့ ဟုမ္မလင်းတွင် အချုပ်သားနှစ်ဦး ပိုးတွေ့ Reviewed by THITHTOOLWIN on 22:51 Rating: 5

No comments:

Powered by Blogger.