မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၁၀၃,၁၆၆ ဦး၊ သေဆုံး ၂,၁၇၄ ဦး

နှာခေါင်းစည်းတပ် သွားလာနေသူတချို့ကို ရန်ကုန်မြို့ရှိ လမ်းတနေရာတွင်တွေ့ရ။ (ဒီဇင်ဘာ ၀၇၊ ၂၀၂၀)

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၄၂၇ ဦး ထပ်တိုးပြီး သေဆုံးသူက ၂၃ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့ ညထုတ်ပြန်ချက်ပါ သေဆုံးသူတွေထဲမှာ ၁၈ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ခွဲနမူနာပေါင်း ၂၀,၈၂၆ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုးကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၁,၃၅၁,၉၁၈ ခု ရှိသွားပြီဖြစ်ပါတယ်။

သေဆုံးသူအရေအတွက်က ၂,၁၇၄ ဦး ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၁၀၃,၁၆၆ ဦး ရှိသွားပါပြီ။

ဒီကနေ့ညထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူအရေအတွက် ၉၈၉ ဦးရှိတယ်လို့ ဖော်ပြထားတာကြောင့် ရောဂါပျောက်ကင်းသွားသူပေါင်း ၈၁,၇၁၅ ဦး ရှိသွားပြီဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားတာအရဆိုရင် ဒီကနေ့ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၆.၈၅% ရှိပြီး ပြန်ကောင်းလာသူ ၇၉.၂% ၊ သေဆုံးနှုန်းက ၂.၁% ရှိပါတယ်။

သေဆုံးသူတွေထဲမှာ နောက်ခံရောဂါရှိသူက ၇၈.၃% ရှိတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ရေးထားပါတယ်။

မြန်မာနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှုကို ထိန်းချုပ်ဖို့ တာဝန်ရှိသူတွေ အပြင်းအထန် ကြိုးစားနေရဆဲဖြစ်ပြီး ပိတ်ပင်ကန့်သတ်ချက်တွေကိုလည်း ပိုပြီး တင်းတင်းကြပ်ကြပ် ချမှတ်ထားပါတယ်။

ဒါပေမဲ့လည်း ကပ်ရောဂါပိုးပျံ့နှံ့မှု ထိန်းချုပ်ရေး ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လူထုကြား လိုက်နာတဲ့အပိုင်းမှာ အားနည်းချက်တွေ ရှိနေဆဲဖြစ်ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-covid-cases/5692920.html

မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၁၀၃,၁၆၆ ဦး၊ သေဆုံး ၂,၁၇၄ ဦး မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၁၀၃,၁၆၆ ဦး၊ သေဆုံး ၂,၁၇၄ ဦး Reviewed by THITHTOOLWIN on 22:26 Rating: 5

No comments:

Powered by Blogger.