မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၁၁၀,၆၆၇ ဦး၊ သေဆုံး၂,၃၁၉ ဦး

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ကိုဗစ်-၁၉ အထူးကြပ်မတ်ကုသဆောင် (ICU) မှာ ရောဂါပြင်းထန်စွာခံစားနေရသူကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဓာတ်ပုံ - Ministry of Health and Sports, Myanmar - ဒီဇင်ဘာ ၁၃၊ ၂၀၂၀)

မြန်မာနိုင်ငံမှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်သူ ၁,၁၅၅ ဦးထပ်ပြီး အတည်ပြုခဲ့တာကြောင့် အခုထိ ကူးစက်သူ စုစုပေါင်း ၁၁၀,၆၆၇ ယောက်ရှိပြီ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၅ ရက်နေ့ အတွက် ဓာတ်ခွဲနာမူနာပေါင်း ၂၃,၈၇၄ ခု စစ်ဆေးတဲ့အထဲက အတည်ပြုလူနာ ၁,၁၀၀ ကျော်တွေ့ခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID - 19 ကြောင့် သေဆုံးသူက ၂၇ ယောက်ရှိတာကြောင့် အခုထိသေဆုံးသူ စုစုပေါင်း ၂,၃၁၉ ယောက်ရှိပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့မတ်လကနေ အခုထိ ဓာတ်ခွဲနာမူနာပေါင်း ၁,၄၈၀,၇၄၀ ခုစစ်ဆေးပြီးခဲ့ပြီဖြစ်ပြီး အတည်ပြုလူနာတွေထဲ ပြန်ပြီးကျန်းမာလာသူက ၈၉,၄၁၈ ယောက်ရှိပါတယ်။

ကမ္ဘာ့နိုင်ငံ အသီးသီး COVID-19 ဖြစ်ပွါး၊ သေဆုံးမှု စာရင်းမှာ မြန်မာနိုင်ငံက အဆင့် ၆၉ နေရာမှာရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်တဲ့ COVID-19 ဖြစ်ပွါး၊ သေဆုံးမှု စာရင်းကို ကိုးကားပြီး ကျန်းမာရေး နဲ့ အားကစားဝန်ကြီး ဌာနက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ပြည်တွင်းလေကြောင်းလိုင်းတွေကို မနက်ဖြန် ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ပြန်ပြီးပြေးဆွဲခွင့်ပြုတော့မှာ ဖြစ်တဲ့အတွက် လေကြောင်းလိုင်းတွေ၊ လေဆိပ်ဝန်ထမ်းတွေနဲ့ လေယာဉ်စီး ခရီးသည်တွေ လိုက်နာရမယ့် ကျန်းမာရေး စံသတ်မှတ်ချက်တွေကို လိုက်နာကြဖို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတိပေးနှိုးဆော်ထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-covid-cases/5700154.html

မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၁၁၀,၆၆၇ ဦး၊ သေဆုံး၂,၃၁၉ ဦး မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၁၁၀,၆၆၇ ဦး၊ သေဆုံး၂,၃၁၉ ဦး Reviewed by THITHTOOLWIN on 22:29 Rating: 5

No comments:

Powered by Blogger.