ကလောမြို့နယ်၌ ဆိုင်ကယ် ၂ စီး တိုက်မိပြီး တစ်ဦး သေဆုံး ၂ ဦး ဒဏ်ရာရ


ကလော  ဒီဇင်ဘာ  ၁၅

       ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ ကျောက်တန်းကျေးရွာ၊ အောင်ပန်း-ပင်လောင်း လမ်းခွဲအနီး၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယမန်နေ့  ညနေပိုင်းက ဆိုင်ကယ် ၂ စီး တိုက်မိပြီး တစ်ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကလောတပ်စိတ်မှ  ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ရာ ၊ ပင်လောင်းမြို့နယ်၊ မင်းဘူးကျေးရွာအုပ်စု၊ ပင်ထုံကျေးရွာနေ သိန်းဦး (၃၀ နှစ်) မောင်းနှင်ပြီး မသဲဖြူ လိုက်ပါစီးနင်းလာသော  ဆိုင်ကယ်သည် ဒီဇင်ဘာ  ၁၄ ရက်၊ ညနေ ၅ နာရီခွဲ ခန့်က အောင်ပန်းဘက်မှ ပင်လောင်းဘက်သို့ မောင်းနှင်လာစဉ်  မိုင်တိုင်အမှတ် (၇၆/၁) နှင့် (၇၆/၂) ကြား အရောက် ပင်လောင်းလမ်းခွဲဘက်သို့ ချိုးကွေ့စဉ်  ကလောဘက်မှ အောင်ပန်းဘက်သို့ မောင်းနှင်လာသည့် အောင်ပန်းမြို့၊ လှည်းရိုးရပ်ကွက်နေ ယာဉ်မောင်း ခွန်လှမျိုး (၃၆)နှစ် ဆိုင်ကယ်နှင့် အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ် ယာဉ်မောင်း သိန်းဦး ၊ မသဲဖြူ  နှင့် ခွန်လှမျိုးတို့တွင်  ဒဏ်ရာများ ရရှိခဲ့သဖြင့် အောင်ပန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာ သိန်းဦးမှာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သိရသည်။


မြို့နယ် (ပြန်/ဆက်)

Myanmaalinn

https://www.facebook.com/MYANMAALINNNEWS

ကလောမြို့နယ်၌ ဆိုင်ကယ် ၂ စီး တိုက်မိပြီး တစ်ဦး သေဆုံး ၂ ဦး ဒဏ်ရာရ ကလောမြို့နယ်၌ ဆိုင်ကယ် ၂ စီး တိုက်မိပြီး တစ်ဦး သေဆုံး ၂ ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 21:51 Rating: 5

No comments:

Powered by Blogger.