ဂျိုးဘိုင်ဒန်ကို အနိုင်ရသမ္မတအဖြစ် သမ္မတရွေးချယ်ရေးအဖွဲ့ အတည်ပြု

ရွေးကောက်ခံသမ္မတဂျိုးဘိုင်ဒင်

ပြီးခဲ့တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရဖို့အတွက် လိုအပ်တဲ့ Electoral Vote လို့ခေါ်တဲ့ ပြည်နယ်ကိုယ်စားပြု အထူးကိုယ်စားလှယ်တွေရဲ့ မဲ ၂၇၀ ကျော်ကို ဒီ အထူးကိုယ်စားလှယ်တွေပါဝင်တဲ့ သမ္မတ ရွေးချယ်ရေးအဖွဲ့က တနင်္လာနေ့ကပဲ ဂျိုးဘိုင်ဒန်ကို တရားဝင် မဲပေး အတည်ပြု ပေးလိုက်ပါတယ်။

တခြားပြည်နယ်တွေရဲ့ ကိုယ်စားလှယ်မဲတွေ ထွက်လာပြီးတော့မှ နောက်ဆုံး ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်စားလှယ်မဲ ၅၅ မဲကို အတည်ပြုပေးလိုက်ချိန်မှာ မစ္စတာ ဘိုင်ဒန်ဟာ အနိုင်ရ သမ္မတဖြစ်ဖို့ လိုအပ်တဲ့ ကိုယ်စားလှယ်မဲ ၂၇၀ ကို အများကြီး ကျော်လွန်ပြီး ၃၀၂ မဲအထိ တရားဝင်ရရှိသွားပါတယ်။

Hawaii ပြည်နယ်က ကိုယ်စားပြု ကိုယ်စားလှယ်မဲ ၄ မဲကိုလည်း မစ္စတာ ဘိုင်ဒန်ပဲ ရရှိလိမ့်မယ်လို့ ခန့်မှန်းထားတာပါ။

သမ္မတ အိုဘားမားအစိုးရလက်ထက် ဒုသမ္မတ တာဝန်ထမ်းဆောင်ခဲ့တဲ့ မစ္စတာ ဘိုင်ဒန်ဟာ အမေရိကန်နိုင်ငံရေးမှာ အထင်ကရ ဒီမိုကရက်တဦးအနေနဲ့ နှစ်ပေါင်း ၅၀ နီးပါး ရပ်တည်ခဲ့သူဖြစ်ပါတယ်။

Electoral College လို့ခေါ်တဲ့ ပြည်နယ်ကိုယ်စားပြု သမ္မတ ရွေးချယ်ရေးအဖွဲ့ က ခုလို မစ္စတာ ဘိုင်ဒန်ကို အနိုင်ရသူအဖြစ် အတည်ပြုလိုက်တာကြောင့် လက်ရှိ သမ္မတ Trump ကတော့ အမေရိကန်သမိုင်းမှာ သမ္မတ သက်တမ်း တကြိမ်သာယူခွင့်ရတဲ့ ငါးယောက်မြောက် သမ္မတ ဖြစ်လာတော့မှာပါ။

သမ္မတ Trump ကတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွွဲအတွင်း အကြိတ်အနယ် ယှဉ်ပြိုင်ရတဲ့ ပြည်နယ်တွေမှာ မဲမသမာမှုတွေ ရှိတာကြောင့် မစ္စတာ ဘိုင်ဒန် အနိုင်ရတာလို့ အထောက်ထား ခိုင်ခိုင်မာမာ မပါဘဲ ပြောဆိုနေဆဲဖြစ်ပြီး တရားရင်ဆိုင်မှုတွေလည်း ဆက်လုပ်နေဆဲဖြစ်ပါတယ်။

အကြိတ်အနယ်ယှဥပြိုင်ခဲ့ရတဲ့ ပြည်နယ်တွေမှာ သမ္မတ Trump နဲ့သူ့ကို ထောက်ခံသူတွေက တရားစွဲဆိုမှု ပေါင်း ၅၀ ကျော် လုပ်ခဲ့ပေမဲ့ အမှုတွေ ပယ်ချခံထားရတာလည်းဖြစ်ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/us-presidential-electors-confirm-joe-biden-victory/5699783.html

ဂျိုးဘိုင်ဒန်ကို အနိုင်ရသမ္မတအဖြစ် သမ္မတရွေးချယ်ရေးအဖွဲ့ အတည်ပြု ဂျိုးဘိုင်ဒန်ကို အနိုင်ရသမ္မတအဖြစ် သမ္မတရွေးချယ်ရေးအဖွဲ့ အတည်ပြု Reviewed by THITHTOOLWIN on 22:07 Rating: 5

No comments:

Powered by Blogger.