အမတ်တချို့ နေပြည်တော်ကို ခွဲခွာ နှုတ်ဆက်

လက်ရှိ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းကုန်ဆုံးဖို့ တစ်လခွဲလိုပါသေးတယ်။

တတိယအကြိမ်လွှတ်တော်သက်တမ်းမှာ မပါဝင်တော့မယ့် လက်ရှိ ပြည်ထောင်စုလွှတ်တော်အမတ်တွေကို ပစ္စည်းတွေသိမ်းပြီး စည်ပင်ဧည့်ရိပ်သာက အခန်းကိုပြန်အပ်ဖို့ လွှတ်တော်က ညွှန်ကြားလိုက်တယ်လို့ အမတ်တွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၇ ရက်ကနေ ၂၂ ရက်အတွင်း လာသိမ်းဖို့ညွှန်ကြားတဲ့အတွက် အမတ်တချို့ နေ ပြည်တော်ကိုတက်သွားကြပါပြီ။

NLD ပါတီကနေ ၂၀၁၅ မှာ နိုင်ထားပေမယ့် ၂၀၂၀ မှာ ဝင်အ‌ရွေးမခံခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က နေပြည်တော်ကို ပစ္စည်းတွေ သိမ်းဖို့ သွားနေပြီလို့ အမြန်လမ်းပေါ်ကနေ ဘီဘီစီကို ဒီဇင်ဘာ ၁၈ ရက်မှာ ပြောပါတယ်။

မြို့နယ် ၉ ခု မှာရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်ကအမတ်တွေကတော့ လေကြောင်းလိုင်းတွေ ပြန်ဖွင့်လိုက်တာမို့ ဒီကနေ့မှာပဲ ရန်ကုန်ကို လေယာဉ်နဲ့လာပြီး နေပြည်တော်ကို ကားနဲ့ဆက်တက်မယ်လို့ သိရပါတယ်။

ဒုတိယအကြိမ် လွှတ်တော်သက်တမ်းကုန်ဖို့ တစ်လခွဲ ကျန်သေးပေမယ့် အခုလို အမတ်တွေကို ပစ္စည်းတွေ လာသိမ်းခိုင်းတာကြောင့် လက်ကျန်သက်တမ်းအတွင်း လွှတ်တော်ခေါ်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ရသေ့တောင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက သုံးသပ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ တတိယအကြိမ်လွှတ်တော်ကိုယ်စားလှယ်တွေအတွက် ဖေဖော်ဝါရီ ၁ ရက်မှာ ပြည်သူ့လွှတ်တော် စခေါ်ရမှာဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-55313419

အမတ်တချို့ နေပြည်တော်ကို ခွဲခွာ နှုတ်ဆက်  အမတ်တချို့ နေပြည်တော်ကို ခွဲခွာ နှုတ်ဆက် Reviewed by THITHTOOLWIN on 22:32 Rating: 5

No comments:

Powered by Blogger.