လှိုင်သာယာ( အနောက်ပိုင်း) မြို့နယ် အပြင်ပဒံကျေးရွာ၌ ရေမြောင်းထဲတွင် လူတစ်ဦးသေဆုံး

လှိုင်သာယာ(အနောက်ပိုင်း)  ဒီဇင်ဘာ  ၂၁

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အပြင်ပဒံကျေးရွာ အနော်ရထာလမ်း ဇေယျာအောင်မြေ ကျောင်းတိုက်ရှေ့ ရေမြောင်းထဲတွင် ဒီဇင်ဘာ ၂၀ ရက်ည ၁၁ နာရီခန့်က လူတစ်ဦးသေဆုံးနေကြောင်းသိရှိရသည်။

အဆိုပါဖြစ်စဉ်မှာ  ယမန်နေ့ ည၁၁နာရီခန့်က ရာအိမ်မှူးဦးစန်းဘိုသတင်းပေးချက်အရ မြို့မရဲစခန်းမှူး ဒုရဲမှူးတင့်နိုင်နှင့် အပြင်ပဒံကျေးရွာ ရာအိမ်မှူး ဦးစန်းဘို၊ ရာအိမ်မှူး ဦးမျိုးဇော်နှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးရာ သေဆုံးသူမှာ အသက်(၃၅)နှစ်ခန့်၊ အမျိုးသားလောင်းတစ်လောင်းဖြစ်ပြီး ဇေယျာအောင်မြေကျောင်းတိုက်ရှေ့ ရေမြောင်းထဲတွင် မှောက်ခုံ အနေအထားဖြင့် နှာခေါင်းထဲတွင် အမှိုက်များတွေ့ရပြီး ရေနစ်သေဆုံးသည့် လက္ခဏာရှိပြီး 

ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိရဘဲ သေဆုံးသည်ကို တွေ့ရှိရသဖြင့် အခင်းဖြစ်ရပ်အား စစ်ဆေးရာတွင် ရေမြောင်းအနီးရှိ အုတ်ခုံပေါ်၌ အရက်လက်နှစ်လုံးခန့်ရှိ ဇေအရက်ပုလင်း(၁)ပုလင်းအား တွေ့ရှိရသည်။  

သေဆုံးသူနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းရာတွင် ဇေယျာရွှေမြေကျောင်းတိုက်ရှေ့နေထိုင်သော  ဦးမြင့်အောင်(၄၉)နှစ် ဆံသလုပ်ငန်းလုပ်ကိုင်သူမှ  သေဆုံး သူအား ဇေယျာအောင်မြေကျောင်းတိုက်ရှေ့ အုတ်ခုံပေါ်တွင် တစ်ယောက် တည်းထိုင်၍ အရက် သောက်နေသည်ကို တွေ့မြင်မိကြောင်း ထိုသူမည်သူမည်ဝါဖြစ်သည်ကိုမသိရှိကြောင်း ထို့နောက် အုတ်ခုံပေါ်တွင် ထိုသူအားမတွေ့ရှိရဘဲ အရက်ပုလင်းတစ်ပုလင်းကိုသာတွေ့ရှိရသဖြင့် သွားရောက် ကြည့်ရှုရာ သေဆုံးသူသည်ရေမြောင်းထဲသို့ လိမ့်ကျနေသည်ကိုတွေ့ရသဖြင့် ရာအိမ်မှူး ဦးစန်းဘိုအား သွားရောက်အကြောင်းကြားခဲ့ကြောင်း ပြောပြချက်အရသိရှိရပြီး အလောင်းအား ရဲဆေးစာဖြင့် လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ပေးပို့ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


မြသန္တာဝင်း(ပြန်/ဆက်)

Myanmaalinn

https://www.facebook.com/MYANMAALINNNEWS

လှိုင်သာယာ( အနောက်ပိုင်း) မြို့နယ် အပြင်ပဒံကျေးရွာ၌ ရေမြောင်းထဲတွင် လူတစ်ဦးသေဆုံး လှိုင်သာယာ( အနောက်ပိုင်း) မြို့နယ် အပြင်ပဒံကျေးရွာ၌ ရေမြောင်းထဲတွင်   လူတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 02:52 Rating: 5

No comments:

Powered by Blogger.