ခိုင်ကမ်းမြို့တွင် နေအိမ်တစ်လုံးမီးလောင်မှုကြောင့် လူတစ်ဦးသေဆုံး


ခိုင်ကမ်း ဒီဇင်ဘာ ၂၁

တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ဒီဇင်ဘာ ၂၀ ရက် ည ၉ နာရီအချိန်ခန့်က အမှတ်(၂) ရပ်ကွက်တွင် နေအိမ်တစ်လုံးမီးလောက်ကျွမ်းကာ  အသက် ၃၅ နှစ်အရွယ်ရှိ အိမ်စောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်းသိရှိရသည်။

 ဖြစ်စဉ်မှာ  ခိုင်ကမ်းမြို့ အမှတ်(၂) ရပ်ကွက်ရှိ အိမ်ရှင် ဦးကမ်ကျင့်ဒါလ်း၏ အိမ်တွင် လျှပ်စစ်မီး မှတစ်ဆင့် အင်ဗာတာဖြင့်ဘက်ထရီအိုး အားသွင်းရာ အင်ဗာတာအပူလွန်ကဲကာ  သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ ၊(၃၀×၄၅)ပေ ရှိ နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး  နေအိမ်တွင် လွန်ခဲ့သော တစ်နှစ်ခန့်မှစ၍ အိမ်စောင့်အဖြစ် တစ်ဦးတည်းနေထိုင်သူ ဦးခိုင်ခန့်ကမ်း (၃၅)နှစ် သည် မီးလောင်ကျွမ်းမှုဖြင့်သေဆုံးခဲ့ကြောင်းသိရှိရသည်။

 အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ ခိုင်ကမ်းနယ်မြေမီးသတ်စခန်းမှ လက်ထောက် မီးသတ်ဦးစီးမှူး   ဦးသွင်လမ့်ခိုင် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အတွင်း ရှိ ပြည်သူ များ မှ ဝိုင်းဝန်းငြိမ်းသတ်ရာ အချိန် ၉း၃၀အချိန်တွင် မီး (လုံးဝ) ငြိမ်းသတ်နိုင်ခဲ့ပြီး  မီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့် ဆုံးရှုံးမှု တန်ဖိုးမှာ ကျပ် (၃၀၀၀၀၀)ခန့် ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။


ဝုန်လွန်းညောင်(ခိုင်ကမ်း)

Myanmaalinn

https://www.facebook.com/MYANMAALINNNEWS

ခိုင်ကမ်းမြို့တွင် နေအိမ်တစ်လုံးမီးလောင်မှုကြောင့် လူတစ်ဦးသေဆုံး ခိုင်ကမ်းမြို့တွင် နေအိမ်တစ်လုံးမီးလောင်မှုကြောင့် လူတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 02:54 Rating: 5

No comments:

Powered by Blogger.