မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြု ၁၀၉,၅၁၂ ဦး၊ သေဆုံး၂,၂၉၂ ဦး

ရန်ကုန်မြို့တွင် ကိုဗစ်ကြောင့်သေဆုံးသူတစ်ဦးကို သဂြိုင်္ဟ်ဖို့ သယ်ဆောင်နေကြတဲ့ PPE ဝတ်စုံဝတ် ပရဟိတလုပ်သားများ။ (နိုဝင်ဘာ ၂၅၊ ၂၀၂၀)

မြန်မာနိုင်ငံမှာဒီကနေ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးခံရသူ ၁,၁၇၀ ဦး အတည်ပြုတွေ့ရှိခဲ့တာကြောင့် ဒီဇင်ဘာ ၁၄ ရက်နေ့ထိ ပိုးကူးခံရသူ ၁၀၉,၅၁၂ ဦးရှိကြောင်းမြန်မာအားကစားနဲ့ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ည ၈နာရီ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဓာတ်ခွဲနာမူနာပေါင်း ၁၉,၀၀၀ ကျော်ထဲက အတည်ပြုလူနာ ၁,၀၀၀ ကျော်တွေ့ရှိခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်ကြောင့်သေဆုံးသူ ၂၄ ဦးရှိပြီး ရောဂါခံရှိသူ ၂၁ ဦးပါဝင်တယ်လို့လည်း ကြေငြာချက်မှာဖော်ပြထားပါတယ်။ ဒီကနေ့ ဆေးရုံဆင်းခွင့်ရသူက ၁,၃၃၆ ဦးရှိတဲ့အတွက် ပြန်လည်နေကောင်းသက်သာသွားတဲ့ လူနာစုစုပေါင်းက ၈၈,၀၀၀ ကျော်ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဒီဇင်ဘာလ ၅ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ ပျှမ်းမ ျှနေ့စဉ် ဓာတ်ခွဲစစ်ဆေးမှုပေါင်း ၂၁,၀၀၀ ကျော်လုပ်နေတာမှာ ပိုးတွေ့မှုက ၆ ရာခိုင်နှုန်းဝန်းကျင်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ အင်တာနက်ဟာမျက်နှာမှာ ဖော်ပြထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုတွေကို ဆက်ပြီး ထိန်းချုပ်နိုင်ဖို့အတွက် ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ အစိုးရက ချမှတ်ထားတဲ့ ညွှန်ကြားချက်တွေ၊ အမိန့် ကြော်ငြာစာတွေကို ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ရက်တိုးသတ်မှတ်ထားတာပါ။ ကိုဗစ် ရောဂါကူးစက်မှုကျဆင်းသွားအောင် ပြည်သူလူထုအနေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို ခုထက်ပိုပြီး တိတိကျကျလိုက်နာဖို့လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-covid-case/5698745.html

မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြု ၁၀၉,၅၁၂ ဦး၊ သေဆုံး၂,၂၉၂ ဦး မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြု ၁၀၉,၅၁၂ ဦး၊ သေဆုံး၂,၂၉၂ ဦး Reviewed by THITHTOOLWIN on 23:32 Rating: 5

No comments:

Powered by Blogger.