မိုင်းရှူးမြို့နယ်၊ ဝိန်းကောင်ကျေးရွာရှိ အသားတိုးကြက်ခြံတစ်ခု၌ လင်မယား နှစ်ဦး အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် သေဆုံး



မိုင်းရှူး ဒီဇင်ဘာ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်၊ နားစံကျေးရွာအုပ်စု၊ ဝိန်းကောင်ရွာရှိ အသားတိုး ကြက်မွေးမြူရေးခြံတွင် လင်မယားနှစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဒီဇင်ဘာ  ၁၃ရက်  နံနက် ၉ နာရီ ခန့်က မိုင်းရှူးမြို့ နယ်၊ နားစံကျေးရွာအုပ်စု၊ ဝိန်းကောင်ရွာရှိ အောင်စည်ဟိန်း သီးနှံပွဲရုံရှိ အသားတိုးကြက်ခြံတွင် လင်မယားနှစ်ဦး သေဆုံးကြောင်း နားစံကျေးရွာအုပ်ချုပ်ရေးမှူး၏ ဖုန်းအကြောင်းကြားချက်အရ မိုင်းရှူးမြို့မစခန်းမှူး ဒုရဲမှူးမိုးလွင် ဦးစီးအဖွဲ့၊ နားစံကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူသွားရောက် စစ်ဆေးခဲ့ရာ မိုင်းရှူး-မိုင်းနောင်သွားကားလမ်းမ မြောက်ဘက်ရှိ အောင်စည်ဟိန်း သီးနှံပွဲရုံဝန်းအတွင်း ပြောင်းစေ့ဂိုဒေါင်အနောက်ဘက်ရှိ အသားတိုးကြက်သားပေါက်များ မီးအပူပေးသည့် ၁၂ပေ×၃၀ ပေ မိုးကာ နှစ်ထပ်အလုံပိတ် ကာရံထားသည့် ကြက်ခြံအတွင်း၌ ကြက်ပေါက်အကောင်ရေ(၇၀၀)ခန့်နှင့် ပိုင်ရှင်များဖြစ်သည့် ဦးထွန်းကျော်(၄၅)နှစ်၊ ၎င်း၏ဇနီး ဒေါ်အားရှင်း (ခ) ဒေါ်အေးဌေး (၅၀)နှစ်တို့အား အောက်ဆီဂျင်ပြတ်ပြီး အိပ်လျက် အနေအထားဖြင့် ပြင်ပဒဏ်ရာမတွေ့ရှိရဘဲ ခန္ဓာကိုယ်များ တောင့်တင်း၍ သေဆုံးသည်ကို တွေ့ရှိရသည်။

 ဖြစ်စဥ်နှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် လိုအပ်သည်များ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း မိုင်းရှူးမြို့မရဲစခန်းမှ သိရသည်။


မြို့နယ်(ပြန်/ဆက်)

Myanmaalinn

https://www.facebook.com/MYANMAALINNNEWS

မိုင်းရှူးမြို့နယ်၊ ဝိန်းကောင်ကျေးရွာရှိ အသားတိုးကြက်ခြံတစ်ခု၌ လင်မယား နှစ်ဦး အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် သေဆုံး မိုင်းရှူးမြို့နယ်၊ ဝိန်းကောင်ကျေးရွာရှိ အသားတိုးကြက်ခြံတစ်ခု၌ လင်မယား နှစ်ဦး အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် သေဆုံး Reviewed by THITHTOOLWIN on 03:17 Rating: 5

No comments:

Powered by Blogger.