လပေါ်ဆင်းတဲ့ တရုတ်အာကာသ စူးစမ်းရေးယာဉ် ကမ႓ာမြေပြန်လာ

လကမ္ဘာပေါ်က ကျောက်တုံးလေးတွေ ယူဆောင်လာခဲ့တဲ့ Chang’e 5 လကမ႓ာစူးစမ်းရေးယာဉ်။ (ဒီဇင်ဘာ ၃၊ ၂၀၂၀)

နှစ်ပေါင်း ၄၀ ကျော်ကာလအတွင်း လကမ္ဘာပေါ်က ကျောက်တုံးလေးတွေကို ပထမဆုံး ယူဆောင်လာနိုင်ခဲ့တဲ့ တရုတ်ကစေလွှတ်လိုက်တဲ့ အာကာသယာဉ်ငယ်တစင်း ကမ္ဘာမြေဆီ ပြန်ဆင်းသက်လာနေပါပြီ။

Chang’e 5 လကမ႓ာစူးစမ်းရေးယာဉ်ဟာ ဒီကနေ့ တနင်္ဂနွေနေ့မှာပဲ လကမ႓ာပတ်လမ်းကနေ ခွာပြီး ကမ႓ာမြေ ပြန်လာနေတယ်လို့ တရုတ်အမျိုးသား အာကာသထိန်းချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီစူးစမ်းရေးယာဉ်ငယ်ဟာ ပြီးခဲ့တဲ့လက လကမ္ဘာပေါ် ဆိုက်ရောက်ခြေချနိုင်ခဲ့ပြီး ရှေးတုန်းက မီးတောင်ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တဲ့နေရာ Mons Rumker ကနေ ၄.၄ ပေါင် (၂ ကီလို) အလေးချိန်ရှိတဲ့ ကျောက်တုံးနမူနာလေးတွေကို ကောက်ယူခဲ့ပါတယ်။ အခုပြန်ဆင်းသက်နေတဲ့ ဂြိုဟ်တုဟာ တရုတ်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ မွန်ဂိုလီးယားဒေသကို ဆင်းသက်နိုင်ခြေ ရှိပါတယ်။

ဒီလို လပေါ်ကနေ ကျောက်သတ္တုလေးတွေကို သယ်ဆောင်လာနိုင်ခဲ့တာဟာဆိုရင် လွန်ခဲ့တဲ့ ၁၉၇၆ ခုနှစ် ဆိုဗီယက်ယူနီယံက လွှတ်တင်ခဲ့တဲ့ Luna 24 ဂြိုဟ်တုပြီးရင် ဒါ ပထမဆုံးဖြစ်ပါတယ်။

အခုနောက်ယူခဲ့တဲ့ ကျောက်ခဲနဲ့ အခြားအပိုင်းအစတွေဟာ လကမ္ဘာရဲ့ မျက်နှာပြင်ပေါ်က ကောက်ယူလာတာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ ဆိုဗီယက်အဖွဲ့တွေက သယ်ဆောင်လာနိုင်ခဲ့တဲ့ ကျောက်တုံးသတ္တုလေးတွေနဲ့ ယှဉ်ရင်တော့ သက်တမ်းဘီလီယံနဲ့ချီပြီး သက်တမ်းနုနိုင်ပေမယ့် လရဲ့ ဖြစ်တည်မှုသမိုင်း နောက် နေစကြဝဠာထဲက တခြားသောအရာတွေကို လေ့လာဆန်းစစ်နိုင်မှာ ဖြစ်ပါတယ်။

အခုသယ်ဆယ်လာတဲ့ လပေါ်ကကျောက်တုံးလေးတွေရဲ့ သက်တမ်း ဖွဲ့စည်းတည်ဆောက်ပုံတွေကို တရုတ် ဓာတ်ခွဲစမ်းသပ်ခန်းတွေကနေ လေ့လာစူးစမ်းပြီးရင်တော့ အမေရိကန်နဲ့ ဆိုဗီယက်ကနေ သယ်လာတဲ့ ရာချီတဲ့ ကီလိုအလေးချိန်ရှိတဲ့ လပေါ်ကကျောက်တုံးလေးတွေ တခြားနိုင်ငံတွေကို ခွဲပြခဲ့သလို ပြန်လည်မျှဝေပေးနိုင်ခြေ ရှိပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/chinese-capsule-with-moon-rocks-return-to-earth/5697699.html

လပေါ်ဆင်းတဲ့ တရုတ်အာကာသ စူးစမ်းရေးယာဉ် ကမ႓ာမြေပြန်လာ လပေါ်ဆင်းတဲ့ တရုတ်အာကာသ စူးစမ်းရေးယာဉ် ကမ႓ာမြေပြန်လာ Reviewed by THITHTOOLWIN on 03:53 Rating: 5

No comments:

Powered by Blogger.