ဦးကိုနီကို လုပ်ကြံသူ ရုံးချိန်းမှာ ထမင်းဝအောင်စားထား တီရှပ်ဝတ်ဆင်ဝန်းရံသူ သုံးဦးကို အလုပ်နဲ့ ထောင်တစ်နှစ်ချမှတ်

ဓာတ်ပုံ-Lin Thu Rein Kyaw / MPA

ဦးကိုနီကိုလုပ်ကြံခဲ့တဲ့ တရားခံကြည်လင်းရဲ့ ရုံးချိန်တစ်ခုမှာ "ထမင်းဝအောင်စားထား"  စာတန်းပါ တီရှပ်အကျီ ဝတ်ဆင်ဝန်းရံခဲ့သူသုံးဦးဖြစ်တဲ့မြတ်ဘုန်းမိုရ်၊ အောင်လင်းနဲ့ ဟိဏ်းဝေယံတို့ကို အင်းစိန်မြို့နယ်တရားရုံးက အလုပ်နဲ့ ထောင်‌ဒဏ်တစ်နှစ် အမိန့်ချမှတ်လိုက်ပါတယ်။

ဓာတ်ပုံ-Lin Thu Rein Kyaw / MPA

သူတို့ ၃ ဦးကို အင်းစိန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(ခ)နဲ့ တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်ပါတယ်။

ဒီနေ့ ဒီဇင်ဘာ ၁၅ ရက် အမိန့်ချတဲ့ ရုံးချိန်းမှာ သူတို့သုံးဦးကို ဝန်းရံသူတွေလည်း လာရောက် ခဲ့ကြတာကိုတွေ့ရပါတယ်။ 

ဓာတ်ပုံ-Lin Thu Rein Kyaw / MPA

ဒီအမှုနဲ့ပတ်သက်ပြီး စုစုပေါင်း လေးဦးကိုတရားစွဲဆိုခဲ့တာဖြစ်ပြီး တစ်ဦးကတော့ ပြစ်ဒဏ်ကျခံခဲ့ပြီးဖြစ်ကာ  ဟိဏ်းဝေယံနဲ့ ကျန်နှစ်ဦးကတော့ ရှောင်တိမ်းနေရာကနေ ပြီးခဲ့တဲ့ ရက်ပိုင်းက မှ လာရောက်အဖမ်းခံခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ-Lin Thu Rein Kyaw / MPA
 

 ဘီဘီစီမြန်မာပိုင်း

https://www.facebook.com/BBCnewsBurmese

ဦးကိုနီကို လုပ်ကြံသူ ရုံးချိန်းမှာ ထမင်းဝအောင်စားထား တီရှပ်ဝတ်ဆင်ဝန်းရံသူ သုံးဦးကို အလုပ်နဲ့ ထောင်တစ်နှစ်ချမှတ် ဦးကိုနီကို လုပ်ကြံသူ ရုံးချိန်းမှာ ထမင်းဝအောင်စားထား တီရှပ်ဝတ်ဆင်ဝန်းရံသူ သုံးဦးကို အလုပ်နဲ့ ထောင်တစ်နှစ်ချမှတ် Reviewed by THITHTOOLWIN on 22:24 Rating: 5

No comments:

Powered by Blogger.