နိရဥၥရာ၊ ဒီဇင္ဘာ ၄ / ၂၀၂၀
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့မ ရဲစခန်းမှ အချုပ်သား ၄ ဦး ရဲစခန်းမှ ထွက်ပြေးသွားသဖြင့် တာဝန်ကျ ရဲတပ်ဖွဲ့ဝင် ၆ ဦး အရေးယူခံထားရသည်ဟု သတင်းရရှိသည်။
ပေါက်တောရဲစခန်းမှ ရဲအရာရှိတစ်ဦးက“ အဲဒီနေ့က ကင်းတာဝန်ကျတဲ့ရဲ ၆ ယောက်ကိုတော့ ရဲထိန်းသိမ်းရေးနဲ့ ဥပဒေနဲ့ အရေးယူသွားမယ်။ သူတို့ကိုတော့ အခုအချုပ်ချထားပြီ” ဟုပြောသည်။
ဒီဇင်ဘာလ ၁ ရက်နေ့က ပေါက်တောမြို့မ ရဲစခန်းမှ အချုပ်သား ၄ ဦး ထွက်ပြေးသွားခဲ့ပြီး တစ်ဦးကို ပြန်လည် ဖမ်းမိခဲ့ကာ ကျန် ၃ ဦးအား ယနေ့အချိန် မဖမ်းမိနိုင်သေးကြောင်း သိရှိရသည်။
ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေပုဒ်မသည် အများဆုံး ဒဏ်ထောင် ၃ နှစ်အထိချမှတ်နိုင်ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက်နေ့က ပေါက်တောမြို့မ ရဲစခန်းတွင် တာဝန်ကျနေသော ရဲအရှိတစ်ဦးက အချုပ်ခန်းသော့ကို မေ့ကျန်ခဲ့သဖြင့် အချုပ်သား ၄ ဦးထွက်ပြေးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွွားပြီးနောက် ရဲတပ်ဖွဲ့ဝင် ၆ ဦး အရေးယူခံရခြင်း ဖြစ်ကြောင်း သိရသည်။
ထွန်းခိုင် (တောင်ရင်းကျွန်း)
Narinjara
No comments:
Post a Comment