မြန်မာ ကိုဗစ်ဓာတ်ခွဲအတည်ပြု စုစုပေါင်း ၁၁၆,၁၃၄ ဦး၊ သေဆုံး ၂,၄၄၃ ဦး

COVID-19 ကုသရေးဌာန (သုဝဏ္ဏ)၊ အထူးကြပ်မတ်ကုသဆောင်မှာ ရောဂါပြင်းထန်စွာ ခံစားနေရသူတဦးကို ကုသစောင့်ရှောက်မှုပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဒီဇင်ဘာ ၁၆၊ ၂၀၂၀။ ဓာတ်ပုံ - MOHS)

မြန်မာနိုင်ငံမှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူ ၉၄၇ ယောက် ထပ်ပြီး အတည်ပြုခဲ့တာကြောင့် အခုထိ ကူးစက်သူစုစုပေါင်း ၁၁၆,၁၃၄ ယောက်ရှိပြီ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၀ ရက်နေ့အတွက် ဓာတ်ခွဲနာမူနာပေါင်း ၂၀,၅၂၆ ခု စစ်ဆေးခဲ့တာဖြစ်ပြီး ဒီကနေ့ဆိုရင် အတည်ပြုလူနာ ၁,၀၀၀ အောက်ကျဆင်းလာတာ နှစ်ရက်ဆက်တိုက်ရှိပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ကြောင့် သေဆုံးသူက ၁၉ ယောက်ရှိတာကြောင့် အခုထိသေဆုံးသူ စုစုပေါင်း ၂,၄၄၃ ယောက်ရှိပြီ ဖြစ်ပါတယ်။ ဒီကနေ့သေဆုံးသူ ၁၉ ဦးထဲမှာ ရောဂါအခံရှိတဲ့သူ ၁၅ ယောက်ပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့မတ်လကနေ အခုထိ ဓာတ်ခွဲနမူနာပေါင်း ၁,၅၉၄,၆၅၄ ခု စစ်ဆေးပြီးခဲ့ပြီဖြစ်ပြီး အတည်ပြုလူနာတွေထဲ ပြန်ပြီးကျန်းမာလာသူက ၉၅,၃၈၇ ယောက်ရှိပါတယ်။

ပြည်သူတဦးချင်းစီအနေနဲ့ ညွှန်ကြားချက်တွေကို အခုထက်ပိုပြီး တိတိကျကျ လိုက်နာနိုင်ရင် ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းလာမှာ ဖြစ်တယ်လို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတိပေး တိုက်တွန်းထားပါတယ်။

ကမ္ဘာ့နိုင်ငံတွေရဲ့ COVID-19 ဖြစ်ပွား သေဆုံးမှုစာရင်းမှာ မြန်မာနိုင်ငံက အဆင့် ၆၉ နေရာမှာ ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်တဲ့ COVID-19 ဖြစ်ပွား သေဆုံးမှုစာရင်းကို ကိုးကားပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-covid-update-dec20/5706519.html

မြန်မာ ကိုဗစ်ဓာတ်ခွဲအတည်ပြု စုစုပေါင်း ၁၁၆,၁၃၄ ဦး၊ သေဆုံး ၂,၄၄၃ ဦး မြန်မာ ကိုဗစ်ဓာတ်ခွဲအတည်ပြု စုစုပေါင်း ၁၁၆,၁၃၄ ဦး၊ သေဆုံး ၂,၄၄၃ ဦး Reviewed by THITHTOOLWIN on 02:06 Rating: 5

No comments:

Powered by Blogger.