ငွေဆောင်ကမ်းခြေမှာ လူငယ်နှစ်ဦး ရေနစ်သေဆုံး


ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးညွှန်ကြားချက်အရ လည်ပတ်ခွင့်ပိတ်ထားတဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့နယ်က ငွေဆောင်ကမ်းခြေကို သွားရောက်လည်ပတ်ခဲ့တဲ့ လူငယ်နှစ်ဦး မနေ့က (ဒီဇင်ဘာလ ၁၉ ရက်နေ့) ညနေမှာ ရေနစ်သေဆုံးသွားပါတယ်။

ရေနစ်သေဆုံးတဲ့သူတွေက ပုသိမ်မြို့ကနေ အလုပ်ကိစ္စဆိုပြီး ရပ်ကွက်ထောက်ခံစာတွေနဲ့ လာရောက်ကြသူတွေဖြစ်တယ်လို့ ငွေဆောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းကျော်က ပြောပါတယ်။

“ သူတို့က ပုသိမ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက်နဲ့ ငွေဆောင်ကို အလုပ်ကိစ္စနဲ့ လာရောက်ရန်ဆိုပြီး ထွက်လာတဲ့ နှစ်ယောက်ပါ။ သူတို့က ချစ်သူများကျွန်းမှာ ကားရပ်ခဲ့ပြီးတော့ ရေဆင်းကူးသွားတဲ့ သဘောပါ။ ကျနော်တို့ကလည်း ကမ်းခြေပိတ်ထားတယ်ဆိုတော့ ဘယ်သူမှ မရှိဘူးထင်နေတဲ့အချိန် သူတို့ကလည်း အလုပ်ကိစ္စနဲ့လာတာဆိုတော့လေ။ အဲဒီအချိန်မှာ ဖြစ်သွားပြီးတော့ ကျနော်တို့က သတင်းကြားကြားချင်း ကျနော်တို့ ဆင်းသွားတော့ အမျိုးသမီးအလောင်းကိုတော့ မနေ့ကပဲ ရှာဖွေတွေ့ရှိခဲ့တယ် ရေထဲကနေပြီးတော့ အမျိုးသားရဲ့ အလောင်းကတော့ မနက်က ကမ်းခြေက သောင်ပြင်မှာပေါ်တာပေါ့။”

ရေနစ်သေဆုံးသူတွေက ပုသိမ်မြို့ အမှတ် ၅ ရပ်ကွက်နဲ့ အမှတ် ၆ ရပ်ကွက်တွေမှာ နေထိုင်ကြတဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသားနဲ့ အမျိုးသမီး ဖြစ်တယ်လို့ သိရပါတယ်။

ငွေဆောင်ကမ်းခြေမှာ ကိုဗစ်ရောဂါကူးစက်မှု မဖြစ်စေဖို့အတွက် ဧရာဝတီတိုင်း အစိုးရအဖွဲ့က မတ်လ ကတည်းက အပန်းဖြေ သွားလာလည်ပတ်ခွင့် ပိတ်သိမ်းထားပါတယ်။


RFA Burmese

https://www.facebook.com/rfaburmese

ငွေဆောင်ကမ်းခြေမှာ လူငယ်နှစ်ဦး ရေနစ်သေဆုံး ငွေဆောင်ကမ်းခြေမှာ လူငယ်နှစ်ဦး ရေနစ်သေဆုံး Reviewed by THITHTOOLWIN on 01:28 Rating: 5

No comments:

Powered by Blogger.