မြိတ်တွင် သီလရှင်တစ်ပါးဆွဲကြိုးချသေဆုံး


မြိတ်မြို့၊တက္ကသိုလ်ရပ်၊မြရိပ်ညိုလမ်း တွင် ဒီဇင်ဘာလ ၂၁ ရက်နေ့၊မွန်းတည့်ပိုင်းက သီလရှင်တစ်ပါး ဆွဲကြိုးချသေဆုံးကြောင်းသိရပါတယ်။

သာကေတရပ်၊ဘေးမဲ့ကျောင်းမှာ သတင်းသုံးနေတဲ့ အသက် ၅၈ နှစ်အရွယ်သီလရှင်မှ အကြောင်းအမျိုးမျိုးကြောင့်လွန်ခဲ့တဲ့ ၅ လ ခန့်ကတည်းက မြရိပ်ညိုလမ်းရှိ ဆွမ်းဒကာ နေအိမ်သို့ပြောင်းရွှေ့သီတင်းသုံးကာ ကျန်းမာရေးချို့တဲ့သူတစ်ဦးဖြစ်ပြီး ဒီနေ့မွန်းတည့်ပိုင်းတွင် နေအိမ်ရေချိုးခန်းတွင်း၌ ဆွဲကြိုးချသေဆုံးကြောင်းသိရပါတယ်။

ဖြစ်စဥ်နဲ့ပတ်သက်ပြီး မြိတ်မြို့မရဲစခန်းမှ သေမှုသေခင်းဖြင့် အမှုဖွင့်ထားကြောင်းသိရပါတယ်။ 


ကွယ်လွန်သူ ဆရာလေးရဲ့ရုပ်အလောင်းကို မြိတ်ဆေးရုံကြီးသို့ပို့ဆောင်ပြီး ကျန်းမာရေးစစ်ဆေးရာ Positive အဖြေထွက်ကြောင်းသိရပါတယ်။


Myat Htut - Myeik

https://www.facebook.com/Myat-Htut-Myeik-222869948053294

မြိတ်တွင် သီလရှင်တစ်ပါးဆွဲကြိုးချသေဆုံး မြိတ်တွင် သီလရှင်တစ်ပါးဆွဲကြိုးချသေဆုံး Reviewed by THITHTOOLWIN on 03:11 Rating: 5

No comments:

Powered by Blogger.