ရခိုင်တွင်လူစုလူဝေးဖြင့် ဘုရားဖူးများလာ၍စိုးရိမ်ကြောင်း ကျန်းမာရေးဌာနတာဝန်ရှိသူဆို


နိရဥၥရာ၊ဒီဇင္ဘာ၁၁ /၂၀၂၀

တိုက်ပွဲများရပ်တန့်နေသည့် ရခိုင်တွင် ကိုဗစ်ကာလအတွင်း လူစုလူဝေးဖြင့် ဘုရားဖူးသူများလာသဖြင့် အထူးစိုးရိမ်မိကြောင်း ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက် ညွန်ကြားရေးမှူးဒေါက်တာစိုးဝင်းပိုင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“မလိုအပ်ဘဲ လူစုလူဝေးတော့ မလုပ်စေချင်ပါဘူး။ တနေ့လုပ်မှတနေ့စားရတဲ့ လက်လုပ်၊လက်စားတွေကိုတော့ နားလည်ပေးနိုင်ပါတယ်။ လူစုလူဝေနဲ့ဘုရားဖူးသွားကြတယ်ဆိုတော့ သတိထားဖို့တော့ လိုအပ်တယ်။ ကိုဗစ်က ကူးမလား၊ မကူးဘူးလားဆိုတာ ကိုယ်ကိုယ်တိုင် ဆင်ခြင် ကြစေချင်ပါတယ်”ဟု ပြောသည်။

မြောက်ဦးဒေသခံ ကိုမြတ်ဝင်းသိန်းက ဘုရားမဖူးရတာက (၂)နှစ် နီးပါးလောက်ရှိနေပြီဖြစ်သဖြင့် တိုက်ပွဲများရပ်တန့် နေသည့် ကာလဖြစ်သောကြောင့် ဘုရားဖူးသွားခဲ့ကြခြင်းဖြစ်သည်ဟု နိရဥ္စရာသို့ပြောသည်။

“ တချို့ဘုရားဖူးတွေက အထင်ကရဘုရားတွေရှိတဲ့ တောင်ဖူး၊တောင်ညို သွားကြတယ်။ ကျွန်တော်တို့ကတော့ ပုဏ္ဏားကျွန်းမြို့ မှာရှိတဲ့ ဘုရားတွေ သွားဖူးကြတာပါ။ ကျွန်တော်တို့အဖွဲ့မှာတော့ လူပေါင်း (၃၀)လောက်တော့ ပါမယ်ထင်ပါတယ်။ ဒါပေမယ့် mask တွေ လက်သန့်ဆေးရည်တွေကို ယူဆောင်လာသလို ညွှန်ကြားချက်တွေကို လိုက်နာပြီး ဘုရားဖူးကြတာပါ”ဟု ပြောသည်။

မဟာမုနိဂေါပကဥက္ကဋ္ဌ ဦးညိုသာလှက ကျောက်တော်မြို့မှ တန်ခိုးကြီးမဟာမုနိဘုရားကို အများအပြား ဘုရားဖူး ရောက်ကြသည်ဟု ပြောဆိုသည်။

“တနင်္ဂနွေနေ့ကဆိုရင် ဘုရားဖူးသူများ ရောက်ကြတယ်။ ခုလည်း ရောက်နေကြတယ်။  ကုသိုလ်ကောင်းမှုပြုလုပ်ဖို့ လာကြတဲ့ ဘုရားဖူးပြည်သူတွေကို ပိတ်ပင်တာမျိုး မလုပ်ချင်ပါဘူး။ ဘုရားဖူးသူတွေကို ဆပ်ပြာနဲ့လက်ဆေးဖို့ကိုတော့ ကျွန်တော်တို့ဂေါပကအဖွဲ့ စီစဉ်ပေးပါတယ်”ဟု သို့ပြောသည်။

မဟာမုနိဘုရားသည် ရခိုင်ပြည်နယ်၊ကျောက်တော်မြိ့နယ်တွင် ထင်ရှားသည့် ဘုရားတစ်ဆူဖြစ်ပြီး နေ့စဉ်မပြတ် ဘုရားဖူးသူများ လာရောက်ကြသည်ဟု ဦးညိုသာလှက ဆက်ပြောသည်။

လက်ရှိတွင် ကိုဗစ်စည်းကမ်းများကို ပြည်သူလူထုများအနေဖြင့် လိုက်နာရန်ပေါ့လျော့နေကြသည်ဟု Rakhine Covid-19  Watch မှတာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုဇော်လှိုင်ထွန်းက ပြောဆိုသည်။

“ကျွန်တော်တို့စစ်တွေဆိုရင် Stay Home ကာလမှာ အကျုံးဝင် သေးတာပေါ့နော်။ တန်းဆောင်မုန်းကာလတုန်းကဆိုရင် လူစုလူဝေး လုပ်တာတို့က မကောင်းဘူးလေ။ အပျော်အပါးနည်းနည်းလျော့သင့်တယ်လို့တော့ထင်ပါတယ်။ ကိုဗစ် ကာလမှာ ဘုရားဖူးသွားတာတို့မလုပ်သင့်ဘူး။ အင်တာနက်မရရှိကြတဲ့ ကျောက်တော်၊ရသေ့တောင်တို့ဆိုရင် ကိုဗစ်လူနာ တွေ တိုးလာတာတွေရှိကြတယ်” ဟု နိရဥ္စရာသို့ပြောသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်အတည်ပြ ုလူနာစုစုပေါင်း(၃၈၃၀)ဦးရှိပြီး ဆေးရုံးဆင်းခွင့်သူ (၃၅၁၀)ဦး ရှိကာ ထိတိုးလာနေကြောင်း Rakhine Covid-19 Watch တွင် သတင်းဖော်ပြသည်။ 

ရခိုင်တွင် ကိုဗစ်ကြောင့် သေဆုံးသူမှာ (၃၃)ဦးအထိ ရှိသွားပြီဟု ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က ပြောကြားသည်။ 


ဇော်ဝင်းဌေး(ငခူချောင်း)

Narinjara

https://www.facebook.com/narinjara.info

ရခိုင်တွင်လူစုလူဝေးဖြင့် ဘုရားဖူးများလာ၍စိုးရိမ်ကြောင်း ကျန်းမာရေးဌာနတာဝန်ရှိသူဆို ရခိုင်တွင်လူစုလူဝေးဖြင့် ဘုရားဖူးများလာ၍စိုးရိမ်ကြောင်း ကျန်းမာရေးဌာနတာဝန်ရှိသူဆို   Reviewed by THITHTOOLWIN on 23:38 Rating: 5

No comments:

Powered by Blogger.