မြန်မာကိုဗစ် ဓာတ်ခွဲအတည်ပြု စုစုပေါင်း ၁၀၈,၃၄၂ ဦး၊ သေဆုံး ၂,၂၆၈ ဦး

COVID-19 ကုသရေးဌာန၊ ဖောင်ကြီးရှိအထူးကြပ်မတ်ကုသဆောင်တွင် လူနာများကိုကုသမှုပေးနေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - MHSM - နိုဝင်ဘာ ၂၆၊ ၂၀၂၀)

မြန်မာနိုင်ငံမှာ ဒီကနေ့ COVID-19 အတည်ပြုလူနာသစ် ၁,၁၂၇ ယောက် ထပ်တိုးအတည်ပြုလိုက်တဲ့အတွက် ကူးစက်သူ စုစုပေါင်း ၁၀၈,၃၄၂ ယောက်ရှိပြီ ဖြစ်ပါတယ်။ ဒီကနေ့ သေဆုံးသူ ၂၃ ယောက်ရှိတဲ့အတွက် စုစုပေါင်း သေဆုံးသူ ၂,၂၆၈ ယောက်ရှိပြီ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၃ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၁၈,၅၆၄ ခုကို စစ်ဆေးခဲ့တာဖြစ်ပြီး အခုထိ စစ်ဆေးပြီးခဲ့တဲ့ ဓာတ်ခွဲနမူနာ စုစုပေါင်းက ၁,၄၃၇,၇၅၁ ခုရှိပါတယ်။ အတည်ပြုလူနာတွေထဲ ပြန်ပြီး ကျန်းမာလာတဲ့သူက ၈၆,၇၉၅ ယောက်ရှိပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီး COVID-19 ရောဂါဖြစ်ပွား သေဆုံးမှုစာရင်းမှာ မြန်မာနိုင်ငံက အဆင့် ၆၈ နေရာမှာ ရှိနေတယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။

ရောဂါကူးစက်မှုနှုန်း လျော့ကျဖို့အတွက် ပြည်သူတွေအနေနဲ့ ညွှန်ကြားချက်တွေကို အခုထက်ပိုပြီး တိတိကျကျ လိုက်နာကြဖို့ လိုအပ်တယ်လို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတိပေး တိုက်တွန်းထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-covid-update-dec13/5697749.html

မြန်မာကိုဗစ် ဓာတ်ခွဲအတည်ပြု စုစုပေါင်း ၁၀၈,၃၄၂ ဦး၊ သေဆုံး ၂,၂၆၈ ဦး မြန်မာကိုဗစ် ဓာတ်ခွဲအတည်ပြု စုစုပေါင်း ၁၀၈,၃၄၂ ဦး၊ သေဆုံး ၂,၂၆၈ ဦး Reviewed by THITHTOOLWIN on 03:41 Rating: 5

No comments:

Powered by Blogger.