မိုင်းဖြတ်မြို့နယ်၌ လူသတ်မှုဖြစ်ပွား


မိုင်းဖြတ်   ဒီဇင်ဘာ   ၄

 ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ဒီဇင်ဘာလ ၃ရက်  ညနေ ၄နာရီခွဲ ခန့်က ဝမ်နောင်ကျေးရွာအနီးရှိ လယ်ကွင်း၌ လူသတ်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဝမ်မိုင်ရပ်ကွက်နေ ဦးအိုက်အွတ်အား တစ်ရပ်ကွက်တည်းနေ ဒေါ်နန်းအွေ့က မိုင်းဖြတ်ကျေးရွာအုပ်စု၊ ဝမ်နောင်ကျေးရွာ ဦးနမ်ဆောင်၏ လယ်ကွင်းထဲ၌    ဦးအိုက်အွတ်၏သားဖြစ်သူ အိုက်ရီ (၃၇) နှစ် သည်ကောက်ရိုးချည်နေစဉ်  အမည်မသိသူ လူတစ်ဦးနှင့် ရန်ဖြစ်နေသည်ကို တွေ့ရှိ ကြောင်း လာရောက်ပြောကြားသဖြင့် ဖခင်ဖြစ်သူ ဦးအိုက်အွတ်မှာ လယ်ထဲသို့လိုက်သွားခဲ့ရာ သားဖြစ်သူ အိုက်ရီအား စျေးတန်း (ကွက်သစ်) ရပ်ကွက်နေ ဆန်းလွင်(ခ)အငယ်လေး က ဓားဖြင့်ခုတ်ထားသည်ကိုတွေ့ရပြီး  ဒဏ်ရာများဖြင့် အခင်းဖြစ်ရာနေရာ၌ သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။ 

 အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ သားဖြစ်သူ အိုက်ရီအား ဓားဖြင့်ခုတ်သူ ဆန်းလွင်(ခ)အငယ်လေး (၄၄) နှစ် အား ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေးအတွက် ဖခင် ဖြစ်သူ ဦးအိုက်အွတ်က အမှုဖွင့်တိုင်တန်းခဲ့သဖြင့် မိုင်းဖြတ်မြို့မရဲစခန်းက  စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။


သန်းထွန်းအေး (ပြန်/ဆက်)

Myanmaalinn

https://www.facebook.com/MYANMAALINNNEWS

မိုင်းဖြတ်မြို့နယ်၌ လူသတ်မှုဖြစ်ပွား မိုင်းဖြတ်မြို့နယ်၌  လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 22:27 Rating: 5

No comments:

Powered by Blogger.