COVID-19 (RDT) NEGATIVE အတည်ပြုကဒ်များ အတုပြုလုပ်သူနှင့် ကိုင်ဆောင်သူများအား ဖမ်းဆီးအရေးယူ


COVID-19 ရောဂါ တာဆီးကာကွယ်နိုင်ရေးအတွက် ကုန်တင်ကား ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ရောဂါပိုးစစ်ဆေးပြီး NEGATIVE အဖြေထွက်မှသာ NEGATIVE အတည်ပြုကဒ်များ ထုတ်ပေးပြီး ဆက်လက်သွားလာခွင့် ပေးလျက်ရှိရာ တပ်ကုန်းမြို့၊ ညောင်လွန့်စစ်ဆေးရေးဂိတ်တွင် COVID-19 Antigen Rapid Diadnostic Test (RDT) NEGATIVE အတည်ပြုကဒ်များ အတုပြုလုပ် ကိုင်ဆောင်သူများအား စစ်ဆေးတွေ့ရှိရ၍ ဖမ်းဆီးအရေးယူထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ဓာတ်ပုံ - မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့

ဖြစ်စဉ်မှာ ၂၅-၁၁-၂၀၂၀ ရက်နေ့ တပ်ကုန်းမြို့၊ ညောင်လွန့်စစ်ဆေးရေးဂိတ်တွင် ရမည်းသင်းဘက်မှ လာသော 9A/xxxx DYNA ယာဉ်မောင်း ကိုစိန်ဝင်းထွန်း၊ စည်ပင်တဘက္ကာကျေးရွာ၊ ရမည်းသင်း မြို့နယ် နှင့် 8M/ xxxx CANTER ၆ ဘီးယာဉ်မောင်း/ယာဉ်ပိုင်ရှင် ကိုအောင်ဇော်မြင့်၊ ရှမ်းပွဲရပ်ကွက်၊ ပါရမီလမ်း၊ ပျော်ဘွယ်မြို့တို့၏ (RDT) စစ်ဆေးချက် လက်မှတ်များအား မသင်္ကာသဖြင့် ပျော်ဘွယ် မြို့နယ် ဆရာဝန်ကြီးအဖွဲ့၊ ရမည်းသင်းမြို့နယ်ဆရာဝန်ကြီးအဖွဲ့နှင့် တပ်ကုန်းမြို့နယ် ဆရာဝန်ကြီး အဖွဲ့တို့မှ ညောင်လွန့်စစ်ဆေးရေး ဂိတ်သို့သွားရောက်စစ်ဆေးရာ အတုပြုလုပ်ထားခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် စစ်ဆေးမေးမြန်းရာ ၎င်းထောက်ခံချက် စာရွက်အလွတ် (အတု) များအား ပျော်ဘွယ်မြို့ရှိ xxxx ဂိတ်တာဝန်ကျ ရန်လင်းဦး ထံမှ ၂၅-၁၁-၂၀၂၀ ရက်နေ့ နံနက် ၇ နာရီအချိန် ရယူခဲ့ကြောင်းသိရှိရ၍ (RDT) Negative အတည်ပြုကတ် အတုကိုင်ဆောင်အသုံးပြုသူ စိန်ဝင်းထွန်းနှင့် အောင်ဇော်မြင့်တို့ ၂ ဦးအား ပျော်ဘွယ်မြို့မရဲစခန်း(ပ)၅၇၈/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈ အရ အမှုရေးဖွင့်ပြီး ဖမ်းဆီးစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့

ပျော်ဘွယ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အမှုမှ ကွင်းဆက်တရားခံများအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ရာ ည ၆ နာရီအချိန် ကွင်းဆက်တရားခံ ရန်လင်းဦး ၃၅ နှစ်၊ xxxx ဂိတ်(ဂိတ်မှူး)၊ ပျော်ဘွယ်မြို့နေသူအား မြင်းဘက်ရပ်ကွက် ရန်ကုန်-မန္တလေးလမ်းမပေါ်တွင်ဖမ်းဆီးရမိခဲ့ပြီး အမှုဖြင့် ဆက်လက်စစ်မေးရာ ၎င်းစာရွက်အလွတ်များအား ထက်အောင်(၂၆)နှစ်၊ ကွန်ပျူတာ/မိတ္တူဆိုင်၊ ပျော်ဘွယ်မြို့နေသူထံမှ ဝယ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်၍ ဖမ်းဆီးရမိရေးဆောင်ရွက်စဉ် ထက်အောင်အား ၂၆-၁၁-၂၀၂၀ ရက်နေ့ နံနက် ၁ နာရီ ၁၀ အချိန် ၎င်းအလုပ်လုပ်ကိုင်နေသည့် မိတ္တူဆိုင်တွင် ကျန်းမာရေးထောက်ခံစာနှင့် စည်းတံဆိပ်တုံး အတုများပြုလုပ်ရာတွင် အသုံးပြုသည့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် အမှုဖြင့် ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ဓာတ်ပုံ - မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့


TheMandalayNewsJournal

https://www.facebook.com/TheMandalayNewsJournal

COVID-19 (RDT) NEGATIVE အတည်ပြုကဒ်များ အတုပြုလုပ်သူနှင့် ကိုင်ဆောင်သူများအား ဖမ်းဆီးအရေးယူ COVID-19 (RDT) NEGATIVE အတည်ပြုကဒ်များ အတုပြုလုပ်သူနှင့် ကိုင်ဆောင်သူများအား ဖမ်းဆီးအရေးယူ Reviewed by THITHTOOLWIN on 00:22 Rating: 5

No comments:

Powered by Blogger.