တရားမဝင် ဝင်လာတဲ့ မြန်မာ ၉ဝ ကျော် ထိုင်းရဲ ဖမ်းဆီး


မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါပိုးဖြစ်ပွားမှု မြင့်တက်နေချိန် ထိုင်း-မြန်မာနယ်စပ်ကနေ သုံးရက်အတွင်း ဝင်လာတဲ့ မြန်မာနိုင်ငံသား ၉၀ ကျော်ကို ထိုင်းလူဝင်မှုကြီးကြပ်ရေးနဲ့ နယ်ခြားစောင့်တပ်တွေက ဖမ်းဆီးခဲ့ပါတယ်။

ဘုရားသုံးဆူ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်အတွင်း နိုဝင်ဘာလ ၂၄ ရက် အင်္ဂါနေ့က ရာဘာစိုက်ခင်းကနေ တရားမဝင် ဖြတ်ကျော်လာတဲ့ ဝင်လာတဲ့ မြန်မာနိုင်ငံသား ၂၁ ဦးကို   ထိုင်းလုံခြုံရေးစစ်သားတွေက ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပိုစ့် သတင်းမှာ ဖော်ပြထားသလို ပြီးခဲ့တဲ့ရက်ကလဲ မြန်မာလုပ်သား ၅၀ ခန့် ထိုင်းနိုင်ငံကို ခိုးဝင်ဖို့ ကြိုးစားနေစဉ် ပွဲစားတွေနဲ့အတူ ဖမ်းဆီးခံခဲ့ရတယ်လို့ မြန်မာပြည်သားရေး ပူးတွဲလှုပ်ရှားမှုကော်မတီ JACBA ရဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

ဒါ့အပြင် ကရင်ပြည်နယ် မြဝတီမြို့တဖက်ကမ်း မဲဆောက်မြို့ဘက်ကို မြန်မာပြည်သား ၇ ဦး အပါအဝင် တရုတ်၊ ထိုင်းလူမျိုးတွေလည်း ခိုးဝင်လာတာတွေ ရှိခဲ့ပြီး မြန်မာ ၇ ဦးထဲက ၄ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့  ဦးမိုးကြိုးက ပြောပါတယ်။

“ခုရက်ပိုင်းမှာ ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီဘက်ကနေနေ မဲဆောက်ဘက်ကို ခိုးဝင်လာတဲ့ တရားမဝင်လာတဲ့ တရုတ်၊ထိုင်းတွေရော အခုရက်ပိုင်းမှာ တော်တော်များတယ်။ တွေလောလောဆယ် ဖြစ်ရပ်ကတော့ နိုဝင်ဘာလ ၂၃ ရက်နေ့မှာ သောင်ရင်းမြစ်ကို ဖြတ်ပြီး မြန်မာ ၇ ဦးခိုးဝင်လာတယ်။ ၃ ဦးကတော့ ထွက်ပြေးသွားတယ်။ ဒုတိယအဖွဲ့က ၁၃ ယောက်အဖွဲ့၊ တတိယအဖွဲ့က ၉ ယောက်အဖွဲ့ ထိုင်းနိုင်ငံသားတွေ၊ ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေး တရားဝင် ပြန်လာလို့ ရပါလျက်နဲ့ အလွယ်လုပ်ကြတာ ခိုးဝင်ကြတာ သူတို့ကိုလည်း ဖမ်းမိတယ်။ တာချီလိတ်က တရုတ်နိုင်ငံသားတွေ ထိုင်းဘက်ကို ခိုးဝင်တယ်။ သူတို့ကတော့ ဗီဇာသက်တမ်းကုန်လို့ ခိုးဝင်တာ ဖြစ်တယ်။ အဲဒါတွေ ဒီလပိုင်းမှာ တော်တော်များလာတယ်။ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေ”

ဖမ်းဆီးခံနေရတဲ့ မြန်မာ ၂၁ ဦးကို ဆန်ခဘူရီခရိုင် ရဲစခန်းမှာ တရားမဝင် ဝင်ရောက်မှုနဲ့ ရောဂါထိန်းချုပ်ရေး အက်ဥပဒေတွေနဲ့ နယ်စပ်ရောဂါထိန်းချုပ်ရေးကော်မတီအမိန့်နဲ့ တရားစွဲဆိုထားတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။ ထိုင်းတောင်ပိုင်း ပကျွတ်ကရိန်ကန်ခရိုင်နဲ့ ချင်းရိုင်ခရိုင်အတွင်းမှာ နိုဝင်ဘာလ ၂၀ ရက်နေ့နဲ့ ၂၁ ရက်နေ့တွေကလဲ တောလမ်းကနေ လူကုန်ကူးသူတွေကနေ ခေါ်လာတဲ့ မြန်မာနိုင်ငံသား ၂၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။

ပကျွတ်ကရိန်ကန်ခရိုင်မှာ ဖမ်းဆီးခံရတဲ့ မြန်မာ ၁၂ ဦးဟာ လူမှောင်ခိုသမားတွေက တဦးကို  ၅၆၀၀ ဘတ်နဲ့ တရားမဝင်လမ်းကနေ ခေါ်လာတာ ဖြစ်တယ်လို့ ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း FED ရဲ့ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက ပြောပါတယ်။

“ပကျွတ်ခရိုင်ထဲကနေ ပွဲစားတွေနဲ့ ဖူးခက်မှာ အလုပ်လုပ်မယ်ဆိုပြီးတော့ ခေါ်လာတာတဲ့။ နယ်စပ်တွေက သဘာဝထိစပ်နေတာလေ။ အဲဒီတောချောင်ထဲကနေ ဖြတ်ဝင်ခဲ့ကြတာ။ အရင်က အဲဒီလောက် မဟုတ်ဘူး။ ဒီရက်ထဲမှာကို မဲဆောက်ကနေလည်း ဝင်တယ်။ တပတ်ကို ၁ ကြိမ်လောက် ဖြစ်နေတယ်ပေါ့နော်။ အဓိကပွဲစားတွေက ၆၅၀၀ ပွဲစားခပေးရတာ”

ထိုင်းနိုင်ငံထဲ တရားမဝင် ဖြတ်ကျော်လာတဲ့ မြန်မာပြည်သားတွေကို ထိုင်းရဲ့ ဥပဒေအရ အရေးယူခံရမှာဖြစ်တယ်လို့ ဦးမင်းဦးက ပြောပါတယ်။

“အထောက်အထားမရှိတဲ့ တရားမဝင်အကုန်လုံးကို Oparetion လုပ်မယ်ပေါ့နော်။ လိုက်ဖမ်းနေတယ်။ ဘန်ကောက်မှာပေါ့နော်။ နှစ်ဆအရေးယူခံရမယ်။ ပြန်ပို့ရင်လည်း ကွာရန်တင်းတို့ဘာတို့ ဆိုတော့ ဆိုးကျိုးက ပိုများပါတယ်”

ကိုဗစ်ကပ်ဘေးကာလမှာ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား ငါးထောင်လောက်ထိ ရှိတယ်လို့ ဦးမင်းဦးက ပြောပါတယ်။ တရားမဝင် ဖြတ်ကျော်လာတဲ့ မြန်မာပြည်သားတွေဟာ ကိုဗစ်ကပ်ဘေး မဖြစ်ခင်က နေရပ်ပြန်သွားခဲ့ပြီး အခု ထိုင်းမှာ အလုပ်လုပ်နိုင်ဖို့ ပြန်ဝင်လာသူတွေနဲ့ ကပ်ရောဂါကာလမှာ စားဝတ်နေရေး အခက်အခဲကြောင့် ခိုးဝင်လာသူတွေ ဖြစ်တယ်လို့ ဦးမင်းဦးက ပြောပါတယ်။

အောက်တိုဘာလနဲ့ နိုဝင်ဘာလအတွင်းကလဲ  ထိုင်းနိုင်ငံဘက် ခိုးဝင်လာသူ မြန်မာရွှေ့ပြောင်းလုပ်သား ၄၀၀ လောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။ ထိုင်းနိုင်ငံရဲ့ ၈ လလောက်ကြာ ထုတ်ပြန်ထားတဲ့ ကိုဗစ်အရေးပေါ် စီမံချက် အက်ဥပဒေအရဆိုရင် အနည်းဆုံး ထောင်ဒဏ် ၆ လကနေ ၁ နှစ်ထိ ချမှတ်နိုင်ပြီး ဒဏ်ငွေ ဘတ် ၁ သိန်းကနေ ၂ သိန်း ထိ ချနိုင်သလို၊ ထောင်ဒဏ် ၂ ရပ်လည်း ချနိုင်မှတ်ခံရနိုင်ပါတယ်။

ကိုဗစ်ရောဂါပြန့်ပွားမှု တားဆီးကာကွယ်နိုင်ဖို့အတွက် ထိုင်းနိုင်ငံထဲ တရားမဝင် ခိုးဝင်လာသူတွေကို ပိုက်စိတ်တိုက်ရှာဖွေဖမ်းဆီးပြီး ဥပဒေနဲ့အရ အရေးယူဖို့ ထိုင်းအလုပ်အကိုင်ရှာဖွေရေး ညွန်ကြားရေးမှူးချုပ်က  ပြီးခဲ့တဲ့ရက်ပိုင်းက ညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/Over-90-Myanmar-nationals-arrested-in-thailand-for-illegal-entry-11242020183017.html

တရားမဝင် ဝင်လာတဲ့ မြန်မာ ၉ဝ ကျော် ထိုင်းရဲ ဖမ်းဆီး  တရားမဝင် ဝင်လာတဲ့ မြန်မာ ၉ဝ ကျော် ထိုင်းရဲ ဖမ်းဆီး Reviewed by THITHTOOLWIN on 23:25 Rating: 5

No comments:

Powered by Blogger.