မဲဆွယ်စည်းရုံးခွင့် စက်တင်ဘာ ၈ ရက်နေ့ စတင်နိုင်ကြောင်း UEC ထုတ်ပြန်


(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ၂၀၁၅ အောက်တိုဘာ ၂၈ ရက်နေ့က မဲဆွယ်စည်းရုံးခဲ့စဉ်)

 ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကို စက်တင်ဘာလ ၈ ရက်နေ့ကစပြီး ခွင့်ပြုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

မဲဆွယ်ကာလကို ရက်ပေါင်း ၆၀ သတ်မှတ်ထားပြီး စက်တင်ဘာလ ၈ ရက်နေ့ မနက် ၆ နာရီကနေ  နိုဝင်ဘာလ ၆ ရက်နေ့ ည ၁၂ နာရီအထိ ခွင့်ပြုကြောင်း ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ ယခုကာလဟာ ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ဖြစ်ပွားနေတာကြောင့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး နည်းလမ်းတွေနဲ့အညီ မဲဆွယ်စည်းရုံးဖို့လိုတယ်လို့ ပါရှိပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာက အချိန်ကာလနဲ့ နေရာဒေသအလိုက် ထုတ်ပြန်တဲ့ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေကိုလည်း အထူးအလေးထား လိုက်နာဆောင်ရွက်ဖို့ လိုတယ်လို့လည်း UEC က သတိပေးပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကျင်းပဖို့ နီးကပ်လာတာကြောင့် ပါတီအသီးသီးက ကိုယ်စားလှယ်တွေ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေကလည်း မဲဆွယ်ရေးတွေ စတင်ဖို့ ပြင်ဆင်နေသလို တစ်ဖက်ကလည်း နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ဒီရက်ပိုင်းအတွင်း နေ့တိုင်းတိုးနေပါတယ်။


RFA Burmese

https://www.facebook.com/rfaburmese/

မဲဆွယ်စည်းရုံးခွင့် စက်တင်ဘာ ၈ ရက်နေ့ စတင်နိုင်ကြောင်း UEC ထုတ်ပြန် မဲဆွယ်စည်းရုံးခွင့် စက်တင်ဘာ ၈ ရက်နေ့ စတင်နိုင်ကြောင်း UEC ထုတ်ပြန် Reviewed by THITHTOOLWIN on 04:44 Rating: 5

No comments:

Powered by Blogger.