တောင်ကြီး Quarantine ဝင်နေသည့် အမျိုးသား တဦးသေဆုံး

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ တွင် Quarantine ဝင်နေသည့် အသက် (၂၃) နှစ်အရွယ် အမျိုးသား တစ်ဦးသည် ယနေ့ မနက်ပိုင်းက သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

စက်တင်ဘာ ၈ ရက် ယနေ့မနက် ၇ နာရီခွဲက သေဆုံးသွားသော အဆိုပါ အမျိုးသားသည် မြဝတီမှ ပြန်လာသူဖြစ်ပြီး စက်တင်ဘာ (၇) ရက်နေ့က မောခြင်း၊ ချောင်းဆိုးခြင်း ဖြစ်လာသည့် အတွက် ဆေးရုံသို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း တောင်ကြီးမြို့စဝ်စံထွန်းဆေးရုံ မှ ဒေါက်တာ ဝေဝေမွန် ကပြောသည်။

“ဘာကြောင့် သေသွားလဲဆိုတော့ အတိအကျတော့ မပြောနိုင်သေးဘူး။ သူ ဆေးရုံကိုမောတယ် ချောင်ဆိုးတယ်ဆိုပြီး ရောက်လာတယ်။ ဒီနေ့မနက်ကတည်းက သူ့ရဲ့ ဓါတ်ခွဲနမူနာ ပို့ထားပြီးပါပြီ။ အဖြေကတော့ မနက်ဖြန်လောက်မှ ပါနိုင်မှာပါ ” ဟု ဒေါက်တာ ဝေဝေမွန် ကပြောသည်။

ယနေ့ထိ တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံမှာ ကိုဗစ်- ၁၉ အတည်ပြု လူနာ ၁ ဦးနှင့် စောင့်ကြည့်လူနာ ၂ ဦး ရှိထားကြောင်း သိရသည်။

အလားတူ စက်တင်ဘာ ၅ ရက်နေ့ကလည်း တောင်ကြီးမြို့ရှိ Quarantine Center တစ်ခုမှ အမျိုးသမီး တစ်ဦး ကိုယ်အပူချိန်မြင့်ပြီး နှလုံးဖောက် သေဆုံးသွားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ် -၁၉ အတည်ပြု လူနာ (၁၆၁၀) ဦး ၊ ရောဂါ ကင်းစင်သူ ( ၃၈၈) ဦး နှင့် သေဆုံးသူ ( ၈) ဦး ရှိကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်သည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

တောင်ကြီး Quarantine ဝင်နေသည့် အမျိုးသား တဦးသေဆုံး တောင်ကြီး Quarantine ဝင်နေသည့် အမျိုးသား တဦးသေဆုံး Reviewed by THITHTOOLWIN on 18:18 Rating: 5

No comments:

Powered by Blogger.