မြိတ်မြို့နယ်သို့လာရောက်မည့် ခရီးသွားများ Q ဝင်ရပါက မိမိစားရိတ်ဖြင့် ဝင်ရမည်


မြိတ်မြို့နယ်သို့လာရောက်မည့် ခရီးသွားများ Q ဝင်ရပါက မိမိစားရိတ်ဖြင့် ဝင်ရမည်ဟု စက်တင်ဘာလ ၂ ရက်နေ့က တိုင်းဒေသကြီးကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ၏ အစည်းအဝေးဆုံးဖြတ်ချက်အရသိရပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ stay at Home မြို့နယ်(သင်္ကန်းကျွန်းမြို့နယ်၊ အင်းစိန်မြို့နယ် ၊ မြောက်ဥက္ကလာပမြို့နယ် ၊ သာကေတမြို့နယ် ၊ လိှုင်မြို့နယ် ၊ ပုစွန်တောင်မြို့နယ် ၊ မင်္ဂလာဒုံမြို့နယ် နှင့် အခြားဒေသမှstay at Home ထုတ်ပြန်ထားသည့် မြို့နယ်များ )မှ ခရီးသွားများ မြိတ်မြို့နယ်သို့ဝင်​ရောက်လာလျှင် Q (၁၄)ရက်ဝင်ရမှာဖြစ်ပြီး Home Q (၇) ရက်ထပ်မံ နေပြီးမှ အပြင်သို့ထွက်ရမှာဖြစ်ကြောင်းသိရပါတယ် ။

Qဝင်ရမည့်သူများက Q Center တွင် စားသောက်စားရိတ် တစ်ရက်လျှင် ၃၄၀၀ ကျပ် ပေးသွင်းရမှာပါ ။

ပြည်ပမှဝင်ရောက်လာသူတွေလည်း မိမိစားရိတ်ဖြင့် Q ၂၁ ရက်ဝင်ရမှာဖြစ်ကြောင်းသိရပါတယ်။

 အဆိုပါအစည်းအဝေးဆုံးဖြတ်ချက်ကို စက်တင်ဘာလ ၅ ရက်နေ့မှာစတင်အကောင်အထည်ဖေါ်မည်ဟု တာဝန်ရှိသူကဆိုပါတယ်။

ခရီးသွားများအနေဖြင့် မြိတ်မြို့နယ်သို့လာရောက်မည်ဆိုပါက မိမိနေထိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးရုံးမှာ ရပ်ကွက်တွင်းနေထိုင်ကြောင်း ထောက်ခံစာပါရှိရမည်ဟုသိရပါတယ်။


မြတ်ထွဋ် (မြိတ်)

https://www.facebook.com/Myat-Htut-Myeik-222869948053294

မြိတ်မြို့နယ်သို့လာရောက်မည့် ခရီးသွားများ Q ဝင်ရပါက မိမိစားရိတ်ဖြင့် ဝင်ရမည် မြိတ်မြို့နယ်သို့လာရောက်မည့် ခရီးသွားများ Q ဝင်ရပါက မိမိစားရိတ်ဖြင့် ဝင်ရမည် Reviewed by THITHTOOLWIN on 22:07 Rating: 5

No comments:

Powered by Blogger.